>Zay Hmine – To Blue Cotton

>

ဝါဂွမ်းပြာကလေး ရေ
ဇေမှိုင်း
အောက်တိုဘာ ၈၊ ၂၀၁၀
နှင်းဆီခင်းတွေ
နေခြည်နဲ့ ပွင့်ကြလန်းကြ
အဲသလို   လင်းပကာလမှာမှ
ကလေးမတယောက်
ဟော့ဒီနေရောင်အောက်
ရောက်လာခဲ့ပြီ။
သမီးရေ
လက်သီးဆုတ် နီတာရဲလေးနဲ့
အဲ့ကနဲ တချက်အော်
ကမ္ဘာကြီးကို မျှော်ကြည့်။
သမီးလေး
ကြည့်စရာ မနက်ခင်းမှာ
ပန်းအပြာ ပွင့်ပါစေ။
အရုဏ်မှာ
သမီးအတွက် ကမ္ဘာမြေ
ငြိမ်းချမ်းပါစေ
ပန်းချီချစ်သူအတွက် စုတ်တချက် ဖြစ်ပါစေ။