>
နိုင်ဝင်းဆွေ၏ မဟူရာမေတ္တာ ကို ဂျာနယ်တစောင်တွင် အခန်းဆက် ဖော်ပြမည်
မိုးမခအထောက်တော် အမှတ် ၀၀၄
မတ် ၃၀၊ ၂၀၁၀
မိုးမခအထောက်တော် အမှတ် ၀၀၄
မတ် ၃၀၊ ၂၀၁၀
တော်လှန်ရေးသမား၊ စာရေးဆရာ နိုင်ဝင်းဆွေ၏ မဟူရာမေတ္တာ ဝတ္ထုကို ရန်ကုန်တွင် ထုတ်ဝေသည့် လျှပ်တစ်ပြက် ဂျာနယ်က အခန်းဆက် ဖော်ပြသွားမည်ဟု သိရသည်။
သောကြာနေ့ထုတ် လျှပ်တစ်ပြက် ဂျာနယ် http://www.snapshot-news.com/ တွင် စတင် ဖော်ပြထားကြောင်း တွေ့ရသည်။
“ခွင့်ပြုချက် ပေးခဲ့သော တောင်ငူမြို့၊ ချင်းကုန်းရွာနေ ဆရာနိုင်ဝင်းဆွေ၏ အစ်မကြီး ဒေါ်ခင်နုနှင့် တူမအရင်း ဒေါ်ကြင်ဦးတို့ကို လျှပ်တစ်ပြက် ဂျာနယ်မှ ကျေးဇူး အထူးတင်ရှိပါသည်” ဟု လျှပ်တစ်ပြက်က ဆိုသည်။
မဟူရာမေတ္တာ ကို http://sagarwarmyae.net/?p=5238 နှင့် http://ebooks.mmblogs.net/archives/42 တို့တွင်လည်း Ebook အဖြစ် တွေ့ရသည်။
ထိုင်းမြန်မာနယ်စပ်တွင် ကွယ်လွန်သူ စာရေးဆရာ နိုင်ဝင်းဆွေ အကြောင်းကို wikimyanmar.co.cc တွင် ဖတ်ရှုနိုင်သည်။
