>Than Soe Hlaing – Rohingya, Regional Dispute and Burma

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ရိုဟင်ဂျာ အရေး၊ ဒေသဆိုင်ရာ ရောဂါ၊ မြန်မာနိုင်ငံ

သန်းစိုးလှိုင်

ဖေဖေါ်ဝါရီ ၁၅၊ ၂၀၀၉

ရိုဟင်ဂျာ ပြဿနာ ၅ နိုင်ငံရဲ့ ပြဿနာ

ပြီးခဲ့တဲ့ဇန်န၀ါရီလက စတင်လိုက်တဲ့ ရိုဟင်ဂျာ အရေးဟာ တလ နီးပါးကြာလာသည် အထိ အာဆီယံနိုင်ငံများအကြား ၊ ထိုင်းအစိုးရနှင့် စစ်တပ်အကြား၊ ထိုင်းနဲ့ မြန်မာအစိုးရတို့ အကြားမှာ ရေရာတဲ့ အဖြေ တခု မရသေးတဲ့ အပြင် ပြောဆိုဆွေးနွေးမှု တခုအဆင့်တောင် ရောက်ရှိမလာသေးပါဘူး။ ဒုက္ခသည်တွေကို ပင်လယ်ထဲမှ ကယ်တင်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံက လတ်တလော နေစရာ၊ စားစရာ ထောက်ပံ့ထားသော်လည်း ဒုက္ခသည် စခန်းဖွင့်ဖို့ အစီအစဉ်မရှိကြောင်းနဲ့ ဒေသဆိုင်ရာ ဆွေးနွေးပွဲ တခု ပြုလုပ်ဖို့ စီစဉ်လျက်ရှိပါတယ်။ ထိုအထဲမှာ အဓိက ဇာတ်ဆောင်နှစ်ဦး အနက် တဦးဖြစ်တဲ့ မြန်မာနိုင်ငံကို တက်ရောက်ဖို့ ဖိတ်ရာမှာ မြန်မာနိုင်ငံက တက်ရောက်ဖို့သဘောတူတဲ့ အနေအထား မှာလောလောဆယ် ရှိပါတယ်။

ရိုဟင်ဂျာပြဿနာ စတင်ကတည်းက မြန်မာစစ်အစိုးရဟာ သူ့ရဲ့ပင်ကိုယ် သဘာဝအတိုင်း အတော်ကြာ ရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။ ဇန်န၀ါရီလကုန်မှာမှ အစိုးရရဲ့ သတင်းစာကနေ ရိုဟင်ဂျာလူမျိုးတွေဟာ မြန်မာနိုင်ငံရဲ့ လူမျိုးစုများထဲ မည့်သည့်အခါကမှ ပါဝင်ခြင်းမရှိခဲ့ဘူး၊ သိုသော်လည်း သက်ဆိုင်ရာ ဌာနများက လုပ်သင့်လုပ်ထိုက်သည်များကို လိုအပ်သလို လုပ်ကိုင်သွားမည် ဆိုတဲ့ ကြေငြာချက် ထုတ်ပြန်ခြင်းဖြင့် စစ်အစိုးရရဲ့ အမြင်ကို ထုတ်ဖေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မှာ နေထိုင်ကြတဲ့ ဒုက္ခသည် တွေဟာ လှေနဲ့ထွက်လာပြီး မြန်မာရေပိုင်နက်မှာ မြန်မာရေတပ်နဲ့ တွေ့ပြီး နောက် ထိုင်းပင်လယ်ပြင်မှာ ထိုင်းရေတပ်နဲ့တွေ့ပြီး ရိုက်နှက်ခံရ၊ အစာရေစာ မလုံမလောက်၊ လောင်စာဆီ၊ အင်ဂျင်မပါပဲ လှေတွေကို နိုင်ငံတကာ ရေပိုင်နက်ထဲ ပြန်မျှော၊ အင်ဒိုနီးရှားနိုင်ငံ ရေတပ်ကတွေ့လို့ကယ်ဆယ်၊ အိန္ဒိယ ရေတပ်ကတွေ့လို့ ကယ်ဆယ် တယ်ဆိုတဲ့အဖြစ်အပျက်မှာ အနည်းဆုံး ၅နိုင်ငံ ပါဝင်ပတ်သက်နေရပါပြီ။ အာဆီယံအဖွဲ့ဝင် ၃နိုင်ငံနဲ့ အဖွဲ့ဝင်မဟုတ်သူ ၂နိုင်ငံပါ။

မြန်မာ သို့မဟုတ် ဒေသဆိုင်ရာ ပြဿနာ

ရိုဟင်ဂျာပြဿနာဟာ ဒေသန္တရဆိုင်ရာ ပြဿနာ တခု ဖြစ်တယ်ဆိုတာကို ယခုအဖြစ်အပျက်တွေကို ကြည့်ခြင်းအားဖြင့် သဘောပေါက်နားလည် နိုင်ကြမှာပါ။ ဒေသဆိုင်ရာ စီးပွားရေး၊ ဒေသ လုံခြုံရေး ၊ လူ့အခွင့်အရေးလိုက်နာမှု စတဲ့ အဲဒီလို ဒေသန္တရ ဆိုင်ရာ ပြဿနာတွေကို အာဆီယံအဖွဲ့က ကိုင်တွယ် ဖြေရှင်းနိုင်စွမ်းရှိမရှိ စမ်းသပ်တဲ့ မှတ်ကျောက် တခုလည်း ဖြစ်ပါတယ်။

ဒိထက် တိတိကျကျ ပြောရရင် အာဆီယံအဖွဲ့ ထဲမှာ နာမည်ဆိုးနေတဲ့ မြန်မာစစ်အစိုးရရဲ့ ပြဿနာကို အာဆီယံက ကိုင်တွယ် ဖြေရှင်းနိုင်စွမ်းရှိမရှိ ဆိုတဲ့သဘောလည်း ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရဟာ တိုင်းပြည်စီးပွားရေး နိမ့်ကျနေခြင်းကို ဆောင်ရွက်ဖို့ ဆန္ဒမရှိတဲ့ အတွက် တိုင်းပြည်အတွင်းမှ လူမျိုးစုတွေသာမက စစ်အစိုးရက မြန်မာနိုင်ငံရဲ့ လူမျိုးစုထဲမပါဘူးလို့ ဆိုတဲ့ ရိုဟင်ဂျာများပါ အသက် အန္တရာယ် ကြားထဲက ရေကြည်ရာ မြက်နုရာ ရှာဖွေ ဖို့ထွက်လာခဲ့ကြတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်ရင်လည်း ဘယ် အိမ်နီးချင်းနိုင်ငံနဲ့မှ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးလေ့မရှိပါဘူး။ အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကိုတော့ လက်နက်ဝယ်ယူရာ၊ နိုင်ငံရေးအရ အားပြုရာဖြစ်လို့ ခြွင်းချက်ဖြစ်ပါတယ်။

အထက်ကလို ဒေသတွင်း ဆိုင်ရာ ပြဿနာများပေါ်ပေါက်စေပြီး အဲဒီလို ပြဿနာများပြေလည်အောင် မြန်မာစစ်အစိုးရဘက်မှ ပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့ အချက်ဟာ “မြန်မာပြည် ကိစ္စဟာ ပြည်တွင်းရေး ကိစ္စတရပ်သာဖြစ်ပြီး ဒေသတွင်းဆိုင်ရာ ပြဿနာတရပ် မဟုတ်ဘူး” လို့ နိင်ငံတကာ အလယ် ကာကွယ်ပေးခဲ့ကြတဲ့ အာဆီယံ အဖွဲ့ အနေနဲ့ ပြန်သုံးသပ်စရာ ဖြစ်လာနေပါပြီ။

မြန်မာပြည်အရေး ပြည်ပအရေး

စီးပွားရေးနိမ့်ကျလျက်ရှိတဲ့ မြန်မာနိုင်ငံအတွင်းမှ လူမျိုးစုလို့ သတ်မှတ် ခံရသူတွေရော ၊ မသတ်မှတ်ခံရသူတွေပါ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်နေရင်တော့ ပြည်တွင်းရေး ကိစ္စတရပ်လို့ အာဆီယံ အဖွဲ့နဲ့ မြန်မာစစ်အစိုးရကို ကာကွယ်ပေးတဲ့ နိုင်ငံ အစိုးရတွေအနေနဲ့ ပြောဆိုနိုင်ပေမယ့် အဆိုပါ `စီးပွားရေးအရ ဒုက္ခသည်´ တွေဟာ အသက်စွန့်ပြီး ရေလမ်းခရီးမှ သော်လည်းကောင်း နယ်စပ်ကို ကုန်းလမ်းမှ ဖြတ်ကျော်ပြီးသော်လည်းကောင်း အိမ်နီးချင်း နိုင်ငံတွေကို ရောက်ရှိလာခဲ့တယ် ဆိုရင်ပဲ အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ ကိုင်တွယ် ဆောင်ရွက်ရမယ့် ပြဿနာ တရပ်ဖြစ်လာနေတာ တွေ့ရပါတယ်။

ယခု ရိုဟင်ဂျာ ကိစ္စဟာ အချို့သော ပြည်ပ မြန်မာနိုင်ငံရေး အတိုက်အခံ ဆောင်ရွက်သူများ အကြား၊ မြန်မာပြည်တွင်းမှာ နေထိုင်သူများ အကြားမှာပါ ရှင်းလင်းပြတ်သားတဲ့ သဘောထား၊ အချက်အလက် မရှိကြတဲ့ အတွက် ရှင်းလင်းတဲ့ သုံးသပ်ချက် အမြင် ကိုပေးနိုင်ခြင်း မရှိတာကိုလည်း ကြားသိနေရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts