သတင်းပဒေသာ

Dike Oo Flooding (News)

ရေနစ် ပြည်သူတွေ… အမတ်တွေကတိကို အော့နှလုံးနာ
မိုးမခအထောက်တော် (ဒိုက်ဦး)
သြဂုတ် ၂၄၊ ၂၀၁၃

ဒရယ်မီးချောင်းနှင့်ကောလိယချောင်း နှစ်ခုကြား၌ တည်ရှိနေတဲ့ ပဲခူးတိုင်းအရှေ့ခြမ်းက ဒိုက်ဦးမြို့ ဟာ မိုးရာသီရောက်တာနဲ့ ရေနစ်မြုပ်လေ့ရှိပါတယ်။  မိုးရာသီ မိုးရွာသွန်မှု အားကြီးတာကြောင့် ယခုနှစ်တော့ ထူးထူးခြား ဒိုက်ဦးတမြို့လုံး ရေနစ်မြုပ်ခြင်းကို ခံရပါတယ် ။ လူမှုရေးအသိရှိကြတဲ့ သာမန်ပြည်သူများ ဟာ တပိုင်တနိုင်အားဖြင့် အခက်အခဲရောက်နေသူတွေကို ကူညီနေကြပါတယ်။အဖွဲ့သီးသန့်ကော သက်ဆိုင်ရအုပ်ချုပ်ရေး အဖွဲ့တွေရဲ့ လူမှုလုပ်ငန်တွေကိုပါ ကူညီကြတာပါ။ ၂၂-၈-၂၀၁၃ နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စွာအောင်နှင့်ဇနီး အမျိုးသမီးရေးရာအဖွဲ့မိခင်နှင့်ခလေးစောင့်ရှောက်ရေး အဖွဲ့တို့နှင် အတူ မေတ္တာဦးပရဟိတ လူမှုကူညီရေးဆေးခန်းက ဒါရိုက်တာ ဦးခွန်ဘသောင်း ပရဟိတဆေးခန်းဆရာဝန်များဖြစ်ကြသော ဒေါက်တာပွင့်ဆန်းနှင့် ဒေါက်တာဦးခင်မောင်အေးတို့လဲ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမြထွန်းနဲ့အတူလိုက်ပါပြီး ဒိုက်ဦးအနောက်ဖက်က ဇလုပ်ကြီးကျေးရွာမှာ ဆေးဝါးကုသမှုများကို ဆောင်ရွက်ကုသပေးခဲ့ကြပါတယ်။ကားတတစ်တန် လှေတတန်နှင့် ခရီးသွားရတာပါ။ မြို့ပေါ်မှာလဲ ရေနစ်မြုပ်ရာနေရာတွေရှိ ရေဘေးအခက်အခဲကြုံနေသူတွေကို သုခကာရီ လူငယ်များက ကူညီပေးကြပါတယ် ။  ဒိုက်ဦးကအမတ်တွေကော ဘာလုပ်နေကြလဲလို့ သတင်းမေးမိတော့ ဒိုက်ဦးသားတယောက်ကဒီလိုပြောပါတယ်။
“ကျုပ်တို့ဆီမှာ congress man နှစ်ယောက်ရှိတယ်။   နှစ်ယောက်လုံးစစ်ထွက်။ တစ်ယောက်ကတော့ မဲဆွယ်စဉ်က သူ့မဲဆန္ဒနယ်က လူတွေကို ချောင်းတူးပေးမယ်။ လမ်းဖောက် ကတ္တရာခင်းပေးမယ်တဲ့  ခုတော့ သူ့ကိုယုံတဲ့ နယ်မှာကုန်းခေါင်ခေါင် ရေတွေကြီး ခြံထဲလှေစီးနေရတယ် သူ့ဆီတင်ပြတော့လဲ ခေါင်းရှောင်တတ်ပုံများ မစ်ဇိုင်းတွေ ရော့ကတ်တွေ နဲ့ပစ်တောင်မထိနိုင်ဘူး ။ တစ်ယောက်ကတော့ သာရေးနာရေးမှာတောင် သူ့ကို ခေါ်မယ့်ပြောမယ့်သူမရှိ  သုဘရာဇာတောင် ခေါင်းရင်းထိုင်ရတဲ့အိမ် မှာ သူ့ကို ဆေးဖေါ်ကြောဖက်မရှိ၊ သူ့မှာ အရက်ချက်စက်ရုံရှိတယ်။  ဒေါ်စုလိုလူကို ပက်ပက်စက်စက်ဆဲပေးမည့် ပါးစပ်တွေနဲ့ခရိုနီ တစ်သိုက်ရှိတယ် ။ မဲဆွယ်စဉ်မှာ ရယက မယကတွေက မဲဝိုင်းခိုးပေးကြရတဲ့ ဘီလူးတို့တန်ခိုးအာဏာရှိတယ်။  ကျုပ်တို့နယ်ကတော့ ဒုံရင်းက ဒုံရင်းဆိုတဲ့တိုင်း ဒုက္ခနဲ့ ဒုံးယိမ်းကနေရတုန်းပါပဲဗျာ …. တဲ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts