Uncategorized

RIT 84-93 ကျောင်းသားဟောင်းများ မိတ်ဆုံနှင့် ပညာရည်ချွန်ဆုပေးမည်

–>

 RIT 84-93 ကျောင်းသားဟောင်းများ မိတ်ဆုံနှင့် ပညာရည်ချွန်ဆုပေးမည်
မိုးမခရွာဆော်ကြီး ၊ ဒီဇင်ဘာ ၁၁၊ ၂၀၁၃
၁၉ ၈၄ မှ ၁၉ ၉ ၃ နှစ် စာသင်နှစ်များအတွင်း ကျောင်းနေဖက်ဖြစ်ခဲ့ကြသူ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းများ၏ (1984-1993) RIT Friends Foundation အဖွဲ့က လာမည့် ဒီဇင်ဘာ ၂၉ တွင် ပြည်တွင်း ပြည်ပ စုဝေးပြီး ရန်ကုန်မြို့တွင် မိတ်ဆုံကြမည်ဖြစ်ပြီး၊ သားသမီးများထဲက ပညာထူးချွန်သူများကို စုပေါင်းဂုဏ်ပြုပွဲ ကျင်းပရန် ဆော်သြနေကြပါတယ်။
သူတို့ ကျောင်းသားဟောင်းတွေရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက https://www.facebook.com/rit.ninetythreeဖြစ်ပါတယ်။ သူတို့ ကျောင်းနေဖက် ကျောင်းသားဟောင်းများ မိတ်ဆုံပွဲ လုပ်ခဲ့ကြတာ ၉ နှစ်၊ ၁၂ ကြိမ် ရှိခဲ့ပြီး ၁၀ကြိမ်မြောက် တွေ့ဆုံပွဲမှာ ကျောင်းနေဖက်များ၊ ဆရာဆရာမများအတွက် လိုအပ်လျင် သာရေး နာရေး ကူညီနိုင်ဖို့ အခုလို ဖောင်ဒေးရှင်းကို စုဝေးတိုင်ပင်ထူထောင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဆက်သွယ်လိုက ကျော်စိုးမင်း (ec) နဲ့ အေးကိုကို (ec) တို့ထံမှာ စုံစမ်းနိုင်ပါတယ်။
ကျောင်းနေဖက်များ ဆုံဆည်းရာ လှုပ်ရှားမှုအဖြစ် တင်ဆက်လိုက်ပါကြောင်း။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts