Uncategorized

News

ချင်းရောင်ခြည် သြဂုတ်လထွက်ပြီ
SK ရှန်လိမ်း
သြဂုတ် ၃၁၊ ၂၀၁၃

ချင်းဗုဒ္ဓသာသနပါလအဖွဲ့က ချင်းရောင်ခြည် ဗုဒ္ဓဓမ္မမဂ္ဂဇင်းကို ၃ လတကြိမ်ထုတ်ဝေ၍ ဓမ္မဒါနပြုလျက်ရှိရာ ၂၀၁၃ သြဂုတ်လထုတ် မဂ္ဂဇင်းထွက်ရှိလာသည်။ 
ကဗျာကဏ္ဍတွင် အညတြလုလင် – စေရာမြေ၊ မောင်လှိုင်သင်း – စကု၊ ဇင်ထွန်း – စကု၊ ကြာသွီပိုး (ကန်ပက်လက်) တို့၏ ကဗျာများ ပါဝင်သည်။ ချင်းသာသနာကဏ္ဍတွင် အရှင်နန္ဒမာလာ (ချင်းဝန်ဆောင်)၊ မောင်နွေထွန်း (ပေါက်ခေါင်း)၊ ပူခေါမောင် – မင်းတပ်တို့၏ ဆောင်းပါးများ ပါဝင်သည်။ 
ဓမ္မဆောင်းပါးကဏ္ဍတွင် ငွေးဌေး – စက်မှုအထည်၊ ဒေါက်တာခင်မောင်လတ် – ရွှေမြန်မာ၊ ဆလိုင်းရွှေလင်း၊ SK ရှန်လိန်း၊ သေရှောင်ချင်း၊ မောင်ကြည်မော် – စကု၊ မအေး – ပေါက်ခေါင်း၊ ကိုကြီးကောင်း – နတ်မတောင်၊ အရှင်နာဂိန္ဒ (ပုပ္ဗါး) တို့၏ ဆောင်းပါးများပါဝင်သည်။ 
ထေရုပတ္တိကဏ္ဍတွင် ဦးဟန်ထွန်း၏ ဘဒ္ဒန္တကေသရနှင့် ဘဒ္ဒန္တ မဏ္ဍလ ထေရုပ္ဗတ္တိများ၊ ပေါ်လီတီစင်၏ မြင်းချည်တောင်တောရမှ ချင်းဦး ပဉ္စင်း ကြီးတို့ပါဝင်သည်။

အယ်ဒီအဖွဲ့က ပေါက်ခေါင်းမြို့ရှိ မိုးကောင်းစိန်ဘုရားအကြောင်း တင်ပြထားသည်။ မဂ္ဂဇင်းကို ချင်းပါလအဖွဲ့က ဥက္ကဌ ဦးတင်အောင် (ယာယီမှတ်ပုံတင် ၁၈၂၂) က ထုတ်ဝေပြီး၊ ဒေါ်အေးအေးခိုင် (စိန်ကြယ်ပုံနှိပ်တိုက်) က ပုံနှိပ်သည်။ ၂၀၁၃ သြဂုတ်လတွင် ပထမအကြိမ်၊ အုပ် ၁၀၀၀ ကို ဓမ္မဒါနပြုလုပ်ရန်ထုတ်ဝေသည်။ စာမူများကို အမှတ် ၇၄၊အခန်း (၂) မြေညီထပ်၊ ကျွန်းတောလမ်း၊ စမ်းချောင်း၊ ရန်ကုန်သို့ ပေးပို့နိုင်ကြောင်း သတင်ရရှိသည်။ 



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts