Poems

ွှThit Kaung Eain – Blame Party of Burma

မောင်ချောနွယ်ကို ဆန်သွားသောနေ့များ

သစ်ကောင်းအိမ်၊ 
စက်တင်ဘာ ၄၊ ၂၀၁၃


ကုန်လွန်သွားသော်ငြား ဆေးသားတွေ ထင်ထင်ရှားရှား ထင်ကျန်ရစ်နေဆဲ ညနေခင်းတခုက ဖြစ်ပါသည်။
ထိုညနေခင်းက ကျနော်တို့၏ နေညိုချိန်လွှတ်တော်စဖို့ စောနေသေးသဖြင့်  ၃၃လမ်း ညိုညိုတေးသံသွင်းဆိုင်ရှေ့တွင် ထိုင်သူထိုင် မတ်တပ်ရပ်သူရပ်ဖြင့် လူလုံးကြီးဖွေးဖွေးလှုပ်ထလျက် ရှိကြစဉ် 
(ထိုနေ့က လူအတော်စုံသည်ကိုလည်းမှတ်မိနေပါသေးသည်)
… ဟေ့ရောင်တွေ  ငါတို့က တနေ့တနေ့ သောက်ရေသောက်တယ်ကွာ …
သောက်တင်းပြောတယ်တယ်ကွာ သောက်ပြစ်ဖို့တယ်ကွာ …
အဲဒီတော့ ငါတို့ကသောက်ပြစ်ဖို့ ဂိုဏ်းသားတွေကွ …
ငါတို့ က သောက်ပြစ်ဖို့ဂိုဏ်းကြီးပေါ့ကွာ … ဟု
မတ်တပ်ရပ် ခါးထောက်လျက် ကိုချောက အဆိုပြုတော့
ကိုချောအဆိုပြုသော သောက်ပြစ်ဖို့ ဂိုဏ်းကြီးအား
အားလုံးတဟားဟားရယ်မောပြီး ကန့်ကွက်မဲမရှိ ထောက်ခံအတည်ပြုခဲ့ကြပုံကို …
အင်ဒီယားနားပြောင်းခင်းတွေအလွန်မှ မနက်ခင်းတခုတွင် …
သောက်ရေးမပါမှုတွေ မင်းမူနေသော
သောက်ရေးမပါသော အဖြစ်သနစ်ကြီးအား
သောက်ရေသောက်ရင်း
သောက်တင်းပြောရင်း
သောက်ပြစ်ဖို့ရင်း
တယောက်ပြီး တယောက်ထွက်ခွာပျောက်ကွယ်သွားသော
ကျနော်တို့၏ သောက်ပြစ်ဖို့ဂိုဏ်းသားများကို သတိတရရှိရင်း
မောင်ချောနွယ်ကို ဆန်သွားရင်း…..
သောက်ရေသောက်ရင်း သောက်တင်းပြောရင်း
သောက်ပြစ်ဖို့ကျန်ရစ်ရင်း…..
သောက်ပြစ်ဖို့ ဂိုဏ်းသားတဦး
(၃၊ စက်တင်ဘာ။ ၂၀၁၃)
(သစ်ကောင်းအိမ် ဖေ့စ်ဘွတ်က ယူပါတယ်။  စာပိုဒ်တွေ ခွဲမိတာက မိုးမခအပြစ်။ စာရေးသူက တောက်လျောက် ရေးထားတာ ဖြစ်ပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts