ရဲရင့်သက်ဇွဲ

Ye Yint Thet Zwe – Poem

ရှင်သန်ခွင့်
ရဲရင့်သက်ဇွဲ
စက်တင်ဘာ ၁၁၊ ၂၀၁၃


ငါတို့ ဟာ အမှောင်ခေတ်ကြီးထဲမှာ
ကြီးပြင်းလာခဲ့ရတယ် …. မဟုတ်လား
ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ်
အစ္စလာမ်ဘာသာဝင်ပဲဖြစ်ဖြစ်
ခရစ်ယာန် ဘာသာဝင်ပဲ ဖြစ်ဖြစ်
ငါတို့ ဟာ အမှောင်ခေတ်ကြီးထဲမှာ 
ကြီးပြင်းခဲ့ရအတူတူ မဟုတ်လား…..။
ဗုဒ္ဒဘာသာကို ငါ မစော်ကားပါဘူး
ဝီရသူကိုလည်း ငါ စိတ်မ၀င်စားပါဘူး….။
ငါ့စိတ်အာရုံ လာပုံက
ဘာသာတရားအားလုံး
တန်းတူညီမျှ
အေးတူ ပူအမျှ အတူတကွ
လက်တွဲနေထိုင်နိုင်ရေး
လူ့ အခွင့်အရေးကြေငြာစာတမ်းအတိုင်း
လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နဲ့ အတူ
ဟောဒီ မြေအပေါ်မှာ လူပီသစွာ

လူ့ ဘ၀ကို ကုန်ဆုံးသွားချင်တာပါပဲ…။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts