ဓာတ်ပုံသတင်း

Flood in Boulder, Colorado now 3 days …

ကော်ရိုလာဒို၊ Boulder မိုးသည်းထန်၊ ရေကြီး ၃ ရက်ကျော်ပြီ

မိုးမခဓာတ်ပုံသတင်း၊ စက်တင်ဘာ ၁၆၊ ၂၀၁၃

စက်တင်ဘာ ၁၂ က စပြီး အမေရိကန်ပြည်၊ Colorado ပြည်နယ်၊ မြို့တော် Denver အနီး၊ Boulder အရပ် တောင်ကြောဒေသ မိုးသည်းထန်၊ မြစ်ရေကြီးရာက သူတို့ပြည်နယ်သမိုင်းမှာ အကြီးဆုံး ရေလွှမ်းမိုး ပျက်စီးမှုတွေ ဖြစ်နေပါတယ်။
 ခုချိန်ထိ မြစ်ရေကြီးပြီး မြို့ရွာတွေ ရေမြုပ်နေတာ ဒေါ်လာ သန်း ရာချီပြီး ဆုံးရှုံးနေတယ်။ လူပေါင်း ၁၅၀၀ ကျော် ပျောက်ဆုံး၊ လူ ၁သောင်းကျော် နေအိမ်စွန့်ပြောင်းရွှေ့၊ လူ ၁၀ ဦးလောက် သေဆုံး၊ အိမ်ပေါင်း ၂သောင်း ကျော် ပျက်စီးတယ်လို့ သတင်းများမှာ ဆိုပါတယ်။ အဲသည်လို ရေကြီး ရေမြုပ်နေတာ သူတို့ မြို့နယ် ၁၅ မြို့နယ်အထိ ကျယ်ပြန့်တယ်လို့ ပြောပါတယ်။

ဒင်းဗားမြို့တော်ပတ်ဝန်းကျင်မှာ မြန်မာပြည်က ရွှေ့ပြောင်းနေထိုင်သူတွေ နေထိုင်ကြပါတယ်။

(Photos – Internet news)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts