International News

12 victims slain in Navy Yard shooting rampage; dead suspect ID’d

 

ဝါရှင်တန်ဒီစီ ရေတပ်စခန်းတွင်း ပစ်ခတ်မှု၊ လူ ၁၂ ဦး သေဆုံး
မိုးမခဓာတ်ပုံသတင်း၊ စက်တင်ဘာ ၁၇၊ ၂၀၁၃
 
စက်တင်ဘာ ၁၂၊ ၀ါရှင်တန်ဒီစီ၊ အတ္တလန်တစ်ကမ်းခြေအချိန် ၈ နာရီခွဲလောက်၊ မြို့တော် တောင်ပိုင်းက ရေတပ်စခန်းမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပြီး လူ ၁၂ ယောက်သေ၊ ၁၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ပစ်ခတ်သူကတော့ အသက် ၃၄ နှစ် Aaron Alexis ဖြစ်ပါတယ်။ သတင်းရေးနေချိန်မှာ သေနတ်သမားကို အသေပစ်ခတ် ဖမ်းဆီးလိုက်ပြီလို့ သိရပါတယ်။
 
သေနတ်သမားဟာ လုံခြုံရေးတင်းကြပ်တဲ့ ရေတပ်စခန်းမှာ အလုပ်လုပ်တဲ့ ကန်ထရိုက်ကုမ္မဏီက ၀န်ထမ်းဖြစ်ပါတယ်။ အရန်စစ်မှုထမ်းဟောင်းတဦး ဖြစ်ပါတယ်။ အခင်းဖြစ်စဉ်မှာ ၀န်ထမ်းတွေက မီးလန့်အချက်ပေးသံတွေကြောင့် အလုပ်ခွင်ထဲကနေ ထွက်ခွာဖို့ ကြိုးစားချိန် သေနတ်သမားက တွေ့မြင်ရာရာ လူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။  
အသေးစိတ်ကို မသိရသေးပေမယ့် လုံခြုံရေးအဖွဲ့တွေက ရေတပ်စခန်း၊ ပတ်ဝန်းကျင်ဒေသတခုလုံးကို ပိတ်ဆို့ပြီး သေနတ်သမားကို ရှာဖွေခဲ့ကြပါတယ်။ အမှုဖြစ်ပွားချိန်မှာ သေနတ်သမား ၂ ဦး ရှိတယ်လို့ သတင်းဖြစ်နေခဲ့ပြီး နောက်တော့ အဲသည် Aaron ကို ပစ်သတ်ဖမ်းဆီး ခဲ့ကြပါတယ်။
(Photo Credits – CNN News)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts