International News

Miss America turns to Miss New York, Indian American Women of 24

(Miss America) အမေရိကန်မယ် ပထမဆု အိန္ဒိယနွယ် အမျိုးသမီး Nina Davuluri ဆွတ်ခူး

မိုးမခသတင်းကောက်နုတ်ချက်

အမေရိကန်ပြည်နယ်ပေါင်းစုံက အလှမယ်များ စုဝေးပြီး အပြိုင်နွဲကြတဲ့ Miss America (အမေရိကန်မယ်) ဆုကို နယူးယောက်ပြည်နယ်ရဲ့ အလှမယ်၊ အိန္ဒိယနွယ် အသက် ၂၄ နှစ်အရွယ် နီနာ ဒေဗူလရီက ဆွတ်ခူးသွားပါတယ်။ ဒုတိယအလှမယ် (Miss Runnerup) ကတော့ ကယ်လီဖိုးနီးယားပြည်နယ်အလှမယ် တရုတ်မျိုးနွယ် Crystal Lee (၂၁ နှစ်) ဖြစ်ပါတယ်။

အမေရိကန်တွေရဲ့ အလှမယ် ထိပ်ခေါင်ဆုကို လူဖြူမျိုးနွယ်တွေက မရဘဲ အာရှနွယ်ဖွားတွေက ပဏာမရွေးချယ်ခံရတဲ့အပြင်၊ နောက်ဆုံး ပထမဆုကိုလည်း အိန္ဒိမျိုးနွယ် မိန်းကလေးက ရသွားလို့ လူဖြူအမျိုးစောင့်သူတွေ၊ အသားအရောင်ခွဲခြားသူတွေက အကြီးအကျယ် ပြစ်တင်ရှုံချနေကြတယ်လို့ အင်တာနက်ပေါ်က ဆိုရှယ်ကွန်ယက်တွေမှာ ဂယက်တွေကနေ သိရပါတယ်။

တချို့ကဆိုရင် အမေရိကန်မယ်ဆုကို အာရပ်မတယောက် ရသွားပြီ တို့၊ အခုဆုရသွားတာက လူဖြူလည်း မဟုတ်ဘူး တို့၊ အမေရိကန်မယ်မဟုတ်ဘူး ဆဲဗင်းအီလဲဗင်းမယ် (ကုန်စုံဆိုင်အမည်တခု) ဖြစ်သွားပြီ တို့ ရှုံ့ချ ရေးသားကြပါတယ်။

အမေရိကန်မယ် အဖြစ် ပထမဦးဆုံ အိန္ဒိယမျိုးနွယ် ရရှိသွားတဲ့အတွက် ကာယကံရှင်ကိုယ်တိုင်က ၀မ်းသာဂုဏ်ယူတဲ့အပြင် နယူးယောက်ုပြည်နယ်က လူမျိုးစုံတွေသာမက၊ ကယ်လီဖုီုးနီးယားက အိန္ဒိယအများစုနေထိုင်ရာ ဆန်ဟိုးဇေး၊ ဆီလီကွန်တောင်ကြားက ဒေသခံတွေကလည်း ၀မ်းမြောက်ကြတယ်လို့ ဆိုပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts