ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – “အမေရိကန်ဖဲဝိုင်း”

 

ဆောင်းယွန်းလ – “အမေရိကန်ဖဲဝိုင်း”

(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၉ အစိုးရက ဖဲဒိုင်ကိုင်ပြီး
ပြည်သူက ထိုးသားတွေဖြစ်တယ်
ဒီဖဲဝိုင်းကြီးထဲမှာ
ဒိုင်က ဖဲလိမ်ရိုက်ပြီး
ထိုးသားက ဖဲခိုးပြီးရိုက်တယ်

အနိုင်အရှုံးဟာ
သူတို့ နှစ်ဦးစလုံးအတွက်တော့
မဆန်းတော့တဲ့ နေ့ တဓူဝကဗျာဘဲ

အမြင်မတော်လို့ ဝင်ပြောရင်
အသင်သာမောမယ်လို့ မှတ်

မှန်ကန်သူကကွဲပြီး
အကြံအဖန်တွေ ဗိုက်ရွှဲတဲ့ဖဲဝိုင်းရဲ့ နာမည်က
လန်းဒ်အော့ဖ် အော်ပိုကျူနတီတဲ့။

ဆောင်းယွန်းလ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts