ကဗျာ

စိုးနောင် (မုံရွာ) ● ရန်ကုန်မြို့မှာ (၂)

စိုးနောင် (မုံရွာ) ● ရန်ကုန်မြို့မှာ (၂)
(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၁၉

ကောင်းကင်ဟာ
မီးခိုးမှိုင်းစွဲနေတဲ့မျက်နှာကျက်ကြီး။

မနက်မှာအလုပ်သွားသူတွေက
ထဘီရှည်နဲ့
ညမှာအလုပ်သွားသူတွေက
စကတ်တိုနဲ့
ရန်ကုန်ညတွေဟာ
ရန်ကုန်နေ့တွေထက်ပိုပူလို့လား။

အရက်ဆိုင်တစ်ဆိုင်ကို
သစ်ပင်တစ်ပင်လို့ရေတွက်ရင်
ရန်ကုန်မှာ
အရက်တောအုပ်ကြီး စိမ်းစိုအုံ့မှိုင်းနေပါတယ်။

KTV ဆိုင်တဆိုင်ကို
တိမ်စိုင်တစိုင်လို့ရေတွက်ရင်
ရန်ကုန်မှာ
KTV မိုးတိမ်တွေမည်းမှောင်အုံ့ဆိုင်းနေပါတယ်။

ကားတွေကရေလိုစီးနေလို့
တံတားတွေထိုးထားကြ
ငါရပ်နေတဲ့ပလက်ဖောင်းဟာ
ကမ်းစပ်တခု။    ။

စိုးနောင် (မုံရွာ)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts