Han Thit Naing

Han Thit Naing (MMK Reporter) – News

သက်ကြီးဝါကြီး ကဗျာဆရာကြီးတို့အား ပထမဆုံးအကြိမ် ဂါရ၀ပြုခြင်း
ဟန်သစ်နိုင် 
စက်တင်ဘာ ၂၃၊ ၂၀၁၃

 
မြန်မာပြည် ကဗျာလောကတွင် လူငယ်ကဗျာဆရာတို့က သက်ကြီးဝါကြီး ကဗျာဆရာကြီးတို့အား ပထမဆုံးအကြိမ် ဂါရ၀ပြုပွဲဟု ဆိုနိုင်သည့် အခမ်းအနားတစ်ခုကို ရန်ကုန်မြို့ပန်းဆိုးတန်းခုံးတံတားအနီးရှိ The Last Leaf ပန်းချီပြခန်းတွင် စနေနေ့ နေ့လယ်က ပြုလုပ်ခဲ့သည်။
ဂါရ၀ပြုပွဲကို ခေတ်ပြိုင်ကဗျာစာအုပ်မိတ်ဆက်ပွဲနှင့် ပူးတွဲ ကျင်းပခြင်း ဖြစ်ပြီး စာအုပ်တွင် ပါဝင်သည့် ကဗျာများကိုရေးဖွဲ့သူ ၇ ဦးတွင် မလေးရှားရောက်နေသူမှာ ၅ ဦးဖြစ်သည်။
အခမ်းအနားတွင်  အဖွင့်အမှာစကားပြောသူတစ်ဦးဖြစ်သည့် ကဗျာဆရာသစ္စာနီက …
ဒီပွဲလေးဟာ အလှူဒါနပွဲလေးတစ်ပွဲလည်းဖြစ်ကြောင်း၊ မလေးရှားမှာရှိနေတဲ့ လူငယ်လေးတွေက သူတို့ရေးထားတဲ့ ကဗျာတချို့ကို ဆောင်ရွက်ချင်တယ်ဆိုပြီး ဒီပွဲလေးဖြစ်လာရကြောင်း ရှင်းပြသည်။
အလှူဒါနအနေနဲ့ လှူချင်တဲ့ဆန္ဒရှိရမည်၊ လှူချင်တဲ့အခြေအနေရှိရမည်၊ အချိန်ကာလဒေသနဲ့လည်း ကိုက်ညီမှဖြစ်ကြောင်း၊အရေးကြီးဆုံးအချက်က အလှူခံပုဂ္ဂိုလ်လည်းရှိမှဖြစ်ကြောင်း၊ လှူတိုင်းလည်းအကျိုးမပေးကြောင်း၊ အင်္ဂါ ၃ ချက်နဲ့ညီမှ အလှူဖြစ်ကြောင်း၊ လှူတဲ့သူကစေတနာရှိရမည်၊ မှန်ကန်ရမည်၊ အကျိုးကိုမျှော်ကိုးပြီး လှူရမည် မဟုတ်ကြောင်း၊ မိမိတို့က ဗိုလ်ချုပ်ကြီးတွေ၊ ၀န်ကြီးတွေလည်းမဟုတ်ကြောင်း၊ လှူတဲ့ပစ္စည်းကလည်း သန့်ရှင်းရမည်၊ သူတို့လေးတွေ အလှူဟာ ချွေးနဲစာနဲ့စုပြီး လှူထားကြောင်း၊ မိမိအနေနဲ့ ဝမ်းသာဂုဏ်ယူပါကြောင်း၊ အလှူခံပုဂ္ဂိုလ်ကလည်း သန့်ရှင်းရမည်ဖြစ်ကြောင်း ကဗျာဆရာသစ္စာနီက ဆက်ပြောပြသည်။
 “စာရေးဆရာများဟာ လာဘ်လေးလာဘ်ယူက ကင်းပြီး ရေနံဓာတ်ငွေ့တွေမပိုင်ဘူး၊ ဓာတ်ငွေ့တွေ ထုတ်မရောင်းဘူး၊ ကဗျာဆရာတွေဟာ တွင်းထွက်ပစ္စည်းတော့ရောင်းတယ်၊ တွင်ထွက်ပစ္စည်းဆိုတာ ရင်ထဲအသည်းထဲကနေစီးကျလာတဲ့ဟာတွေပါ၊
ကဗျာဆရာတွေလောက် စင်ကြယ်တဲ့သူတွေ မရှိဘူး၊ ကဗျာချစ်သူတွေ၊ ကဗျာရေးသူတွေရဲ့ အကျိုးပေးတဲ့ပွဲလေး၊ကဗျာဘဝကိုအောင်အောင်မြင်မြင်ဖြစ်လာပါစေ” ဟု သစ္စာနီက ပြောသွားခဲ့သည်။
အခမ်းအနားတွင်  ပထမဆုံး အဖွင့်အမှာစကားပြောကြားခဲ့သူမှာ ဆရာမောင်စိမ်းနီ ဖြစ်သည်။
ခေတ်ပြိုင်ကဗျာဆရာတွေနဲ့ပတ်သက်ပြီး ဆရာကြီးဒဂုန်တာရာကနေ ဒီဘက်ခေတ်ကို ရောက်လာတဲ့ လူငယ်တွေရဲ့လက်ထဲကို  ပေးအပ်လိုက်ပြီကြောင်း၊လူငယ်တွေကလည်း သူ့တို့အတွေးအခေါ်နှင့် သူတို့ရဲ့အမြင်တွေ၊ ရှုမြင်သုံးသပ်မှုတွေ၊ဘ၀ဖြတ်သန်းမှုတွေ၊ သူတို့ရဲ့ငြိမ်းချမ်းတည်ဆောက်ချင်တဲ့ ဆန္ဒတွေကို ဖော်ထုတ်ဖို့အတွက် ငြိမ်းချမ်းရေးကိုကြိုးစားတဲ့အခါမှာငြိမ်းချမ်းရေးလမ်းစကိုမြင်နေပြီဖြစ်ကြောင်း၊ မြင်နေတဲ့လမ်းကိုလည်း လူငယ်တွေမသွေမတိမ်း လျှောက်လှမ်းလိမ့်မည်ဟုယုံကြည်ကြောင်း၊ စကားလုံးများကို ဖော်ပြလို့မရအောင် ၀မ်းသာပီတိဖြစ်ပြီး ဒီအခမ်းနားလေးကို ဂုဏ်ပြုကြိုဆိုကြောင်း ဆရာမောင်စိမ်းနီက ပြောကြားခဲ့သည်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts