ကဗျာ

အုပ်မိုး ● ငါတို့ဟာ ပျော့ဖတ်တွေ

အုပ်မိုး ● ငါတို့ဟာ ပျော့ဖတ်တွေ
(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၁၉

သနပ်ခါးထူထူလိမ်းထားတာကလွဲလို့
မလိမ်မိုးမလိမ်မာတွေ အကုန်ပါလာတယ်။

အခုကြီးတော့
သုံးလေးတန်းနှစ်က စိန်ပန်းမျိုးတွေမပွင့်တော့ဘူး။

စစ်ကားကြီးတွေလမ်းထဲဝင်လာပြီး
စစ်ဖိနပ်တွေခုန်ချလာတယ်။

ဗိုလ်ဝင်စားတဲ့ကျနော်
စစ်သားလုပ်ဖို့မပြောတော့ဘူး။

လမ်းထွက်မတ်တတ်ရပ်ဖို့
အရှိန်နဲ့ပြေးလာရတဲ့နှစ်တွေ
ငါတို့ရင်ဘတ်ကဆောင့်ထွက်သွားခဲ့… ။

တိတ်သားနဲ့ ဖမ်းထားသောမှတ်တမ်းထဲ
သူရဲကောင်းဓာတ်ပုံတွေ အားလုံးဖြုတ်သိမ်းခဲ့ရတယ်။

အခုပြန်မေး
အခုပြန်နာကျင်နေရသော နာမ်စားတွေပါ။ ။

အုပ်မိုး
၁၄ ဇန် ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts