KT# |
မျက်လှည့် သေတ္တာ
ဝါကျဖြူ
ဝါကျဖြူ
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၁၉
သတင်းစာတွေထဲကို စကားလုံးတွေဖိသိပ်ထိုးထည့်ပစ်လိုက်ကြတဲ့အခါ
မင်ဘူးအမည်းတွေထဲမှာ တိမ်ညိုဆိုင်းနေတဲ့
မိုးဥတုတွေက ကြပ်ခိုတွေအဖြစ် အဆက်
မပြတ်ရွာနေတော့တာပါပဲ ။
မင်ဘူးအမည်းတွေထဲမှာ တိမ်ညိုဆိုင်းနေတဲ့
မိုးဥတုတွေက ကြပ်ခိုတွေအဖြစ် အဆက်
မပြတ်ရွာနေတော့တာပါပဲ ။
ဘယ်သူမှလည်း ဂရုမပြုမိကြဘူးထင်ပါရဲ့ ။
ဂရုပြုမိခဲ့ရင်တောင်အမှုမဲ့အမှတ်မဲ့
မျက်ဝန်းပေါ်ကျော်ဖြတ်လိုက်မိတဲ့ ရိုးတိုးရိပ်တိတ် အိပ်မက်အမျှင်စလေးလိုများလား ။
လမ်းမပေါ်မှာ မနေ့ထဲက ကျကျန်နေရစ်ခဲ့တဲ့ ခန္ဓာကိုယ်အပြတ်စတွေက
ရှင်သန်ပြီးကျန်နေရစ်ခဲ့တာ ။
ပုံနှိပ်စက်ရဲ့လေပေါင်ချိန်နဲ့ ချိန်းသွားတွေကို
ပိုသွက်ချင်ယောင်ဆောင်နေကြတယ် ။
ငါစာလုံးပေါင်းကြည့်လိုက်တိုင်းမှာလည်း
စကားလုံးအခွံတွေဟာ
စပါးခွံအဟောင်းတွေလိုဖြစ် ဖြစ်နေကြပြန်တယ် ။
ဘယ်လိုလုပ်ရမလဲ။
ငါကိုယ်ကိုစွန်းထွက်လာတဲ့မင်တွေကလည်း
အရင်ရက်စွဲဟောင်းနံ့တွေနဲ့ကမ္ဘာတခု။
ငါကိုယ်ထည်ကြီးရော…။
ငါကိုယ်ထည်ကြီးရော…။