ရသဆောင်းပါးစုံ ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) ● စင်​ကာပူတယ်​လီကွန်း (SingTel)

ဇော်အောင် (မုံရွာ) ● စင်​ကာပူတယ်​လီကွန်း (SingTel)
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၁၈


မြန်​မာပြည်​ကို မိုဘိုင်းဖုန်းနဲ့ ​ငွေလွှဲ အလုပ်​ကို SingTel က လုပ်​​တော့မယ်​လို့ စာချုပ်​ စင်​ကာပူအစိုးရနဲ့ SingTel တို့ လက်​မှတ်​ထိုးလိုက်​ပါတယ်​။ ဒီစာချုပ်​အရ မတ်​လကစပြီး မြန်​မာများ SingTel ကတဆင့်​ ​ငွေလွှဲနိုင်ပြီ။ မြန်​မာ ဘဏ့်​အ​ကောင့်​ (or) Wave Money, KBZ.pay , Ooreedoo Pay စတဲ့ ​ငွေလွှဲ စနစ်​များကို SinTel က အသုံးချမယ်​ ဖြစ်​ပါတယ်​။

မြန်​မာ ၁ သိန်း ၈ သောင်း စင်​ကာပူမှာအလုပ်​လုပ်​​နေပြီး ၂၀၁၇ မှာ သူတို့ မြန်​မာပြည်​ပြန်​ပို့​ငွေ စုစု​ပေါင်း US$ 6.2 billion (မြန်​မာကျပ်​ ဘီလျံ​ပေါင်း ၉၉၂၀) ဖြစ်​​ကြောင်း ကမ္ဘာ့ဘဏ်​ World Bank က ထုတ်​ပြန်​​ကြေငြာပါတယ်​။

မြန်​မာပြည်​ရဲ့ ၂၀၁၇ GDP အမျိုးသားထုတ်​ကုန်​တန်​ဖိုးက US$70 billion ဖြစ်​ပြီး  ရသုံးမှန်း​ခြေ ဝင်​​ငွေ Budget က US$ 21 billion ဖြစ်​ပါတယ်​။ စင်ကာပူ အလုပ်လုပ်သူမြန်မာများက GDP ရဲ့ ၁၀ ရာနှုန်း ငွေရှာပေးနေပါတယ်။

● သုံးသပ်​ချက်

SinTel က တခြားနိုင်​ငံများကိုလွှဲ​နေတဲ့ တရားဝင်​၊ တရားမဝင်​ ပုဂ္ဂလိက ​ငွေလွှဲလုပ်​ငန်းများကို အလဲထိုးဖို့ ကြိုးစား၊ ​ဈေးကွက်​ လုယူဖို့ ​ခြေလှမ်းပါတယ်​။ မြန်​မာ ပင်​နီစူလာပလာစာ ​ငွေလွှဲဆိုင်​များအတွက်​ SinTel ကိုယှဉ်​နိုင်​ဖို့ ၅ မိနစ်​အတွင်း ​ငွေထုတ်​နိုင်​​အောင်​လုပ်​နိုင်​ရင်​ SinTel နဲ့ Western Union ​တွေကို ယှဉ်​နိုင်​မှာပါ။

မြန်​မာပြည်​တွင်းက Wave Money ​ငွေလွှဲတာ ၅ မိနစ်​အတွင်း ပူတာအိုက​နေ မြိတ်​အထိ (အင်​တာနက်​လိုင်း၊ ဖုန်းလိုငိး​ကောင်းရင်​) ​ငွေထုတ်​နိုင်​ပါတယ်​။ ကျပ်​ ၁ သိန်း ပူတာအို Wave Money ​ကောင်​တာကလွှဲရင်​ လွှဲသူက Wave Mobey ဆိုင်​ကို လျှို့ဝှက်​ကုတ်​ ဂဏန်း ၆ လုံး ​ပေးရတယ်​။ ချက်​ခြင်းလွှဲသူ​ရော လက်​ခံသူ​ရော ၂​ ယောက်​ မိုဘိုင်းဖုန်း​တွေဆီ မက်​​ဆေ့​ရောက်​တယ်​။ လက်​ခံသူက မြိတ်​မြို့ Wave Mobey ​ကောင်​တာမှာစောင့်​ပြီး  မက်​​ဆေ့ပြပါ။ လွှဲသူက ဖုန်းဆက်​​ပြောပြတဲ့ ဂဏန်း ၆ လုံး လျှို့ဝှက်​ကုတ်​ကို​ပြောပြတာနဲ့ ​ငွေထုတ်​​ပေးပါပြီ။ ထုတ်​ပြီး​ကြောင်း ဖုန်း ၂ ခုစလုံးကို မက်​​ဆေ့ရောက်​လာပါ တယ်​။

ကျပ်​ ၁ ​သိန်း လွှဲရင်​ လွှဲခ ကျပ်​ ၂​ ထောင်​။
ဘဏ်​အ​ကောင့်​ထဲထည့်​ရင်​ လွှဲခ ကျပ်​ ၁​ ထောင်​။
Telenor Wave Money က မှတ်​ပုံတင်​ပြစရာ မလို​တော့ ခိုးထုတ်​ခံရတာ​တွေ ရှိတယ်​။ အများကြီး ၃ သိန်းအထက်​ဆို ဘဏ်​နဲ့ပဲ မှတ်​ပုံတင်​ပြထုတ်​တဲ့နည်းက စိတ်​ချရပါတယ်​။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts