ကဗျာ စာပဒေသာ မြန်မာပြည်တွင်း

အုပ်မိုး – ငါတို့ဟာ လက်ပစ်ဗုံးကိုဆေ့ထားတာလား

SKB
ငါတို့ဟာ လက်ပစ်ဗုံးကိုဆေ့ထားတာလား
အုပ်မိုး
(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၁၉


နှုတ်လုံတယ်
စိတ်မလုံဘူး။
လက်ပစ်ဗုံးကို
ခြေနဲ့နင်းပြီး
နင်းကန် ကုန်းမအော်နဲ့။
လက်ပစ်ဗုံးကို
စိတ်နဲ့ချစ်ပြီး
ချိုးငှက်ကလေးကို
နှလုံးသားမှာထိုးလို့
ချီတက်ဆန္ဒပြကြပါစို့..။
စောစောညစ်လို့
စောစောထလို့
စောစောကန့်ကွက်ကြပါစို့..။
တဘဝလုံးကျစ်ထားတဲ့
ဖောက်ခွဲနည်းသင်တန်းက
ဒီအစိုးရကျမှ
အကောင်အထည်ပေါ်တယ်။
ငါတို့ဟာ
ငါတို့လက်သီးဆုပ်ကို
မြေမြှုပ်ပြီး..
လက်ပစ်ဗုံးကိုဆေ့ထားလိုက်ကြတယ်။

26.12.2018

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts