ကဗျာ စာပဒေသာ မြန်မာပြည်တွင်း

မောင်ကြူးရင့် – လွတ်လပ်မျိုးစေ့

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Exchangeserverrepair
 လွတ်လပ်မျိုးစေ့

မောင်ကြူးရင့်
(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၉

ငါတို့မျိုးစေ့တွေ
ငါတို့ပျိုးခွင့်ရပြီလား
ငါတို့ပျိုးပင်တွေ
ငါတို့စိုက်ခွင့်ရပြီလား
ငါတို့ပန်းတွေ
ငါတို့ခူးခွင့်ရပြီလား
ငါတို့ပန်းတွေ
ငါတို့နမ်းခွင့်ရပြီလား
လွတ်လွတ်လပ်လပ်
ပန်းတွေ ပန်းတွေ
ဝေတဲ့တနေ့
တကွေ့တော့တွေ့ရဦးမှာပဲ

မောင်ကြူးရင့်
၎ .၁ . ၂၀၁၉

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts