ကဗျာ စာပဒေသာ မြန်မာပြည်တွင်း

လင်းသက်ငြိမ်- ကဗျာဒေဝတာ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကဗျာဒေဝတာ
လင်းသက်ငြိမ်
(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၁၈


ငြိမ်းချမ်းရေးညစာကို အမျှော်ကြီးမျှော်ခဲ့သူဟာ
ငြိမ်းချမ်းရေး စားသောက်ပွဲတွေကိုသာ
မြင်တွေ့သွားခဲ့ရရှာတယ်။

ချစ်တတ်သူတိုင်းကို မုန်တိုင်းသင့်စေခဲ့တဲ့ နိုင်ငံမှာ
ကဗျာတွေကို ရက်ရက်ရောရောကြီး
ချန်ထားပေးခဲ့တာ နည်းတဲ့စေတနာလား။

ပါရီကမဟုတ်ဘူး
နယူးယောက်ကမဟုတ်ဘူး
မြန်မာပြည်ဖွား ဧရာဝတီသားကြီး။

အမည်နာမမှာ ဆုတံဆိပ်ကပ်စရာမလိုပါဘူး
မောင်အောင်ပွင့်ဆိုတာ
အောင်အောင်မြင်မြင် ပွင့်ခဲ့တဲ့
ကဗျာ ဒေဝတာ ။ ။

လင်းသက်ငြိမ်

၃၀၊၁၁၊၂၀၁၈

_ ငြိမ်းချမ်းရေးကဗျာဆရာမောင်အောင်ပွင့် ကွယ်လွန်ခြင်း (၁)လပြည့်အထိမ်းအမှတ် _

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts