ကဗျာ စာပဒေသာ မြန်မာပြည်တွင်း

မောင်ကြူးရင့် – ငြီးငွေ့ခြင်း

KT#

ငြီးငွေ့ခြင်း
မောင်ကြူးရင့် 
(မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၁၈

မှန်အကြည်သားပေါ်
ဖုံအထပ်ထပ်နဲ့
ရွက်ဆုတ်ပြက္ခဒိန်ကို
ငြီးငွေ့လာပြီ
မူလအသားပေါ်
မိတ်ကပ်ပါးပါးလိမ်းတဲ့
ဆုတွေကို
ငြီးငွေ့လာပြီ
မတူတဲ့
အရောင်နှစ်ရောင်
စပ်ထားတဲ့အချစ်ကို
ငြီးငွေ့လာပြီ
မနေ့ကသူရဲကောင်း
ဒီကနေ့သစ္စာဖောက်
မနေ့ကသစ္စာဖောက်
ဒီကနေ့သူရဲကောင်း
လူ့အဖွဲ့အစည်းရဲ့
အစမ်းသပ်ခံ
ဝါဒစံနစ်တွေကို
ငြီးငွေ့လာပြီ
ဂူဟောင်းထဲ
ပိတ်မိနေတဲ့ကဗျာတွေကို
ငြီးငွေ့လာပြီ
ငြီးငွေ့မှုဟာ
သန်းဝေလို့ ငိုက်မြည်းလို့
ငါ့ကိုယ်ငါလည်း
ငြီးငွေ့လာပြီ

    ၂၆ . ၁၂ . ၂၀၁၈

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts