ကဗျာ မြန်မာပြည်တွင်း

ဒီလူည – ရယ်စရာကောင်းတဲ့ဒုက္ခ

KT#
ရယ်စရာကောင်းတဲ့ဒုက္ခ
ဒီလူည
(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၁၈
အစကနေပြန်ပြီး သေနတ်ပစ်တမ်း ကစားနည်းကို
မကစားမိအောင် မှတ်ဉာဏ်ကို ဖျောက်ဖျက်ပစ်ရမယ်
အသက်ရှင်ဖို့ကလည်း ဒီတနည်းပဲ နေပူထုတ်လှမ်းရတော့မှာမဟုတ်လား
ဇီဝဗေဒပညာရှင်တယောက်လည်း စစ်ပွဲထဲမှာ မိုက်ခရိုစကုပ်ကိုင်ပြီး
ဗီဇဆဲလ်တွေရဲ့ဆင့်ကဲဖြစ်မှုတွေကို ဆံပင်တွေကျွတ်တဲ့အထိ လေ့လာနေတယ်
ဆီပူလောင်ထားတဲ့ရေကြည်ဖုလေးကို ဖောက်လိုက်တဲ့အခါ
ရယ်မောပျော်ရွှင်နေတဲ့လျှာတွေဟာ ထွက်လာတယ်
ကိုယ်လည်း ပြောလိုက်ပါတယ်။ မင်းဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို
ဂုဏ်ထူးဘယ်နှဘာသာနဲ့ အောင်မြင်ခဲ့ပြီး ဆပ်ပြာဆီတွေထဲ ရောက်နေတာလဲလို့
ကိုယ်ပြောလိုက်ပါတယ်။ ထုံထိုင်းနေတဲ့မီးချောင်းတွေကို
သတင်းတွေထဲမှာတွေ့ရင် ဘာလို့များ ခင်ဗျားလည်ချောင်းထဲက
ချွဲသလိပ်တွေကိုခပ်ထုတ်ပြီး ထွေးပစ်လဲလို့
ဆေးပုလင်းကို ဖွင့်ကြည့်ရင် မပြီးဆုံးသေးတဲ့ တော်လှန်ရေးကြီးကို
တွေ့ရသလိုမျိုးပေါ့။ ကိုယ့်ရှေ့မှာ ရေမွှေးပုလင်းထဲက
ထွက်လာတဲ့တောင်ပံ တစ်ကောင်ဟာ
လူသေတွေရဲ့ နာမည်တွေကို စားသောက်နေတယ်
ဒီလိုပဲ။ ကျန်းမာရေး ရှုထောင့်ကကြည့်ရင် ဘီးစိတ်ထဲပါလာတဲ့
သန်းတစ်ကောင်ကို တုတ်လိုက်လို့ မြည်လာတဲ့အသံဟာ
ကြည်နူးစရာ။    ။
ဒီလူည
၁၇/၁၁/၁၈

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts