ကဗျာ

စိုးခိုင်ညိန်း ● လမ်း

စိုးခိုင်ညိန်း ● လမ်း
ဒီဇင်ဘာ ၁၀၊ ၂၀၁၈

ငြိမ်နေလို့မှ မရပဲ
ကြည့်နေလို့မှ မဖြစ်ပဲ။

အမှားတစ်ရာက
အမှန်တရား ဖြစ်မလာဘူး။

လိမ့်နေတဲ့ ကျောက်တုံးမှာ
ဒဏ်ရာ ဒဏ်ချက်ဟာ အလှတရား။

ရေဟာ မသေချင်ရင်
စီးဆင်းနေမှ ဖြစ်မယ်။

နံရံတွေဟာ
အော်သံတွေနဲ့ တုန်ခါလို့။

တချို့လမ်းက
သွေးနဲ့ဖောက်မှ ပေါက်တယ်။

စိုးခိုင်ညိန်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts