K ငြိမ်းချမ်း သတင်းပဒေသာ

A POET OF IRON အမည်ရှိ ကဗျာရွတ်ဆိုပွဲ Myanm/art Galleryမှာ ပြုလုပ်မယ်

A POET OF IRON အမည်ရှိ ကဗျာရွတ်ဆိုပွဲ Myanm/art Galleryမှာ ပြုလုပ်မယ်
K (မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၈

ပိုလန်နိုင်ငံလွတ်လပ်ရေးပြန်လည်ရရှိခြင်း နှစ်တစ်ရာမြောက်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ ပိုလန်ကိုယ်စားလှယ်ရုံးချုပ်နဲ့ Myanm/art Gallery တို့မှ ဦးဆောင်ကျင်းပတဲ့ A POET OF IRON အမည်ရှိ ကဗျာရွတ်ဆိုပွဲကို ရန်ကုန်မြို့ ဘိုကလေးဈေးလမ်း၊ တတိယထပ် အမှတ် ၉၈ရှိ Myanm/art Gallery မှာ နိုဝင်ဘာ၂၄ရက် ညနေ ၅ နာရီစတင်ကျင်းပ ပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ ကဗျာရွတ်ဆိုပွဲမှာ ကွယ်လွန်သူ ပိုလန်ကဗျာဆရာကြီး သံမဏိကဗျာဆရာ ဇဘစ်ဂ်ညူ ဟဲရ်ဘတ်ရဲ့ကဗျာတွေ ရွတ်ဆိုကြမှာဖြစ်ပြီး ဦးဆောင်တင်ဆက်ပေးမယ့်မြန်မာ ကဗျာဆရာများကတော့ ကဗျာဆရာခင်အောင်အေးနဲ့ ကဗျာဆရာမောင်ဒေးတို့ဖြစ်ပါတယ်။

အခမ်းအနားနဲ့ပတ်သက်ပြီး “ပိုလန်နိုင်ငံလွတ်လပ်ရေးပြန်လည်ရရှိခြင်း နှစ်တစ်ရာမြောက်အထိမ်းအမှတ်အဖြစ်ကျင်းပတဲ့ ပိုလန်-မြန်မာ ကဗျာညနေခင်းကို လာရောက်ပါဝင်ဖို့ အတွက် မြန်မာနိုင်ငံဆိုင်ရာပိုလန်ကိုယ်စားလှယ်ရုံးမှ ဦးဆောင်အရာရှိ မီရောဆာလာ့ဗ် ဇာဆဒါးနှင့် ဇနီးဖြစ်သူတို့မှ လှိုက်လှဲစွာ ဖိတ်ကြားလိုက်ရပါတယ်။ ဒီကဗျာညနေခင်းမှာ ကမ္ဘာကျော်ပိုလန်ကဗျာဆရာကြီး ဇဘစ်ဂ်ညူဟဲရ်ဘတ် (၁၉၂၄ – ၁၉၉၈) ရဲ့ ကဗျာတွေကို မြန်မာ၊ ပိုလန်၊ အင်္ဂလိပ် သုံးဘာသာနဲ့ရွတ်ဖတ်ကြမှာ ဖြစ်ပါတယ်။ ဒီပွဲကို မြန်မာနိုင် ငံဆိုင်ရာ ပိုလန်ကိုယ်စားလှယ်ရုံးချုပ်နဲ့ Myanm/art Gallery တို့မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားကို ကဗျာဆရာခင်အောင်အေးနဲ့ ကဗျာဆရာမောင်ဒေးတို့မှ ဦးဆောင် တင်ဆက်သွားမှာဖြစ်ပါတယ်” လို့ Myanm/art က လူမှုစာမျက်နှာထက်က ရေးသားပြောဆိုထားပါတယ်။

အနုညာအဖွဲ့အစည်းတခုဖြစ်တဲ့ Myanm/art ကနေ ပန်းချီ၊ ရုပ်ရှင်၊ ကဗျာ၊ ဓာတ်ပုံ အစရှိတဲ့ အနုပညာဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုပွဲများကို မကြာခဏ ကျင်းပပြုလုပ်လျက်ရှိပါ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts