ရသဆောင်းပါးစုံ

ကိုအောင်မှိုင်း ● ဟေဝန်နန်း ရေတံခွန်စမ်း လွမ်းဖွယ်စုံညီ

ကိုအောင်မှိုင်း ● ဟေဝန်နန်း ရေတံခွန်စမ်း လွမ်းဖွယ်စုံညီ
(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၈


ဗိုလ်မင်းအောင်လှိုင်ရဲ့ အကြိမ်ကြိမ်ပွဲဖျက်မှုအောင်မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးတခုလုံး ကစဉ်ကလျှားဖြစ်သွားခဲ့ရတော့တာပါဘဲ။ ဘယ်လောက်ထိအောင်ဆိုးရွားသွားခဲ့သလဲဆိုရင် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားတွေ ကိုယ် တိုင် ဗိုလ်မင်းအောင်လှိုင်ရဲ့တောင်းဆိုမှုတွေကို လိုက်ရောဘို့ရာ အတော်အခက်အခဲ ဖြစ်နေကြရတော့တာပါ။ NLD ရဲ့ အမျိုးသားရင်ကြားစေ့ရေးပေါ်လစီလဲ ကြားဖြတ်ရွေးကောက်ပွဲအခြေအနေကိုကြည့်ရုံနဲ့ ရေစုံမျောနေပြီဆိုတာ ပြောစရာမလို အောင် ပြည့်စုံသွားပြီဖြစ်ပါတယ်။ စစ်တပ်က လစ်ရင်လစ်သလို မဲလိမ်မဲခိုးခဲ့တာ ခုမှမဟုတ်ပါဘူး။ သန့်ရှင်း တည်မြဲ ရွေး ကောက်ပွဲကာလကထဲကလို့ ပြောရင်မှားမယ်မထင်ပါ။ အခုလဲ မြစ်ကြီးနားမဲဆန္ဒနယ်မှာ မဲခိုးလိုက်တာက တော့ အတော့်ကို ဗြောက်ကျတယ်လို့ပြောရမယ်ထင်ပါတယ်။ ကြံ့ဖွတ်ကို စစ်တပ်က လူတရာမှာ တရာ့တယောက် ထောက်ခံတယ်ဆိုတဲ့ သဘောပါဘဲ။ ပိုတဲ့တယောက်ကတော့ ဗိုလ်မင်းအောင်လှိုင်ဖြစ်မှာပါ။

ကနေ့မြန်မာ့နိုင်ငံရေးဟာ အတော့်ကို စိတ်ကသိကအောက်ဖြစ်စရာတွေနဲ့ပြည့်နေတယ်လို့ ကျနော်တော့ပြောချင်တယ်။ ခပ်ညံ့ညံ့ဇာတ်ပွဲတခုကို ကြည့်နေရသလိုပါဘဲ။ ဇာတ်ဆရာကလည်း ချာတူးလန်၊ ဇာတ်ပွဲအခင်းအကျင်းကလဲ ခေတ်နောက် ကျ၊ မင်းသား မင်းသမီးကလည်း ဇာတ်ပညာမရှိ၊ လူရွှင်တော်ကလည်း ပျက်လုံးထုတ်လိုက်တာ အောက်ပိုင်းကိစ္စမပါတာ မရှိဆိုသလိုပါဘဲ။ NLD ကိုအားကိုးမယ်ကြံတော့လည်း အားကိုးဘို့နေနေသာသာ ငါးပိကျော် ဘယ်အချိန်ပို့ရမလဲဆိုသလို ဖြစ်နေသဗျ။ စစ်ဗိုလ်ချုပ်တွေကလည်း ပတ်တုတ်လို့မရအောင်ကို မစားရတဲ့အမဲ သဲနဲ့ပက်တာလား၊ လွှတ်ပေးရမှာလဲ အဆီ နဲ့ဝင်းဝင်း စားရမှာလဲ သဲနဲ့ရှပ်ရှပ်ဖြစ်နေသလားဆိုတာတော့ သူတို့ကိုယ်တိုင် ပိုသိမယ်ထင်ပါတယ်။ လုပ်ချက်ကတော့ လုပ် ရက်သလားလို့တောင် မေးကြရတော့မယ်ထင်ပါတယ်။ သေချာတာကတော့ NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးလဲ မရ စေရဘူး၊ တိုင်းပြည်လဲမတိုးတက်စေရဘူး၊ တရားဥပဒေစိုးမိုးရေးလည်း လုံးဝမရှိစေရဘူးလို့များ စိတ်ပိုင်းဖြတ်ချက်နဲ့ လုပ် နေကြသလားလို့ မေးခွန်းထုတ်ရတော့မလားဘဲဗျာ။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာကလဲဖိအားတွေပေးနေတယ်။ ပြည်တွင်းမှာလဲ ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်ဆို တဲ့ ပုဂ္ဂိုလ်တချို့ရဲ့ အမြင်ကို ကျနော်သဘောမတူပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတာ ပြည်တွင်းဖိအားတွေဘဲ ဖြစ်ပါတယ်။ နိုင်ငံတကာခေါင်းဆောင်တွေက ပြောရရင်ဗျာ ငပိန်းတွေမဟုတ်ကြပါဘူး။ ဗမာပြည်မှာ ဘာတွေဖြစ်နေတယ်။ ဘယ်တော့ဘာတွေ ထပ်ဖြစ်မယ်ဆိုတဲ့အထိနီးပါး သိနေတဲ့လူတွေပါ။ သူတို့အကျိုးစီးပွားပေါ်မူတည်ပြီး အတက်အဆုတ် လုပ်နေကြတာပါ။ ဗမာပြည်ရဲ့သော့ခလောက်ကို ဖွင့်နေကြတာပါ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် အဓိကရင်ဆိုင် နေရတာက ပြည်တွင်းက စစ်အုပ်စုနဲ့ လက်ကိုင်တုတ်အပေါင်းပါ အုပ်စုတွေဘဲဖြစ်ပါတယ်။ စစ်အုပ်စုဟာ ကြာလေလေ အာ ဏာအတွက် ဘာကိုလုပ်ရလုပ်ရ လုပ်မယ်ဆိုတဲ့သဏ္ဌာန်ဟာ ထင်ရှားလာပါတယ်။ သိက္ခာမရှိ လုပ်လည်း လုပ်လာပါတယ်။ ဥပမာဗျာ စစ်တပ်ထောက်ခံပွဲဆိုတာမျိုးတွေပေါ့။ ပိုအရှက်ကွဲစေတာက တောင်ကြီးမှာ လူထုက ပက်ပက်စက်စက် ဆန့် ကျင်ခဲ့ကြတာကို အရှက်မရှိလုပ်ဖြစ်အောင် ပိုက်ဆံပေးလုပ်ခဲ့ကြတာမျိုးပေါ့။ စစ်တပ်ထောက်ခံပွဲတွေကို တရားဝင်လုပ်ခွင့် ရရင် အခြားဘက်အနေနဲ့ စစ်တပ်ကန့်ကွက်ပွဲတွေကိုသာ တရားဝင်လုပ်ခွင့်ရရင်လားဗျာ ကြည့်ကောင်းလိုက်မဲ့ဖြစ်ခြင်း။ ရှစ်လေးလုံးအရေးအခင်းတုန်းကလို လူပင်လယ်ကြီးကို ပြန်မြင်ရမှာသေချာလှတယ်။

နောက်အမြင်တခုဖြစ်တဲ့ တနေ့လုပ်မှ တနေ့စားရတယ်ဆိုတဲ့အမြင်ကို ကျနော်လုံးဝသဘောမတူပါဘူး။ ကနေ့ ကျနော်တို့ အဖြစ်က ကျနော်တို့လုပ်သလောက် ကျနော်တို့မစားရတဲ့အဖြစ်မျိုးပါ။ တနေကုန် ကုန်းရုန်းလုပ်ပေမဲ့ မိသားစုထ္မင်းမဝတဲ့ အ ခြေအနေမျိုးပါ။ မိသားစု လူတန်းစေ့မနေနိုင်တဲ့ အခြေအနေမျိုးပါ။ မိသားစုကျမ္မာရေး စောင့်ရှောက်မှုမလုပ်နိုင်တဲ့ အခြေ အနေမျိုးပါ။သားသမီးတွေကို ပညာကောင်းကောင်းသင်မပေးနိုင်တဲ့ အခြေအနေမျိုးပါ။ သက်ကြီးရွယ်အို မိခင် ဖခင်တွေကို ဆေးဘိုးဝါးခ မထောက်ပံ့နိုင်တဲ့အခြေအနေမျိုးပါ။ မြန်မာလူမျိုးတွေပီပီ လှူချင်တန်းချင်စိတ်ကို ဇွတ်ဖိနှိပ်သိုသိပ်နေရတဲ့ အ ခြေအနေမျိုးပါ။ ကျနော်တို့လုပ်သလောက် ကျနော်တို့ပြည့်ပြည့်ဝဝ ဘာလို့မစားကြရပါသလဲ။ လူတန်းစေ့ ဘာလို့မနေနိုင်ရပါ သလဲ။ ကျနော်တို့သားသမီးတွေကို ဘာလို့ပညာကောင်းကောင်းသင်မပေးနိုင်တာလဲ။ ကျနော်တို့ နာမကျန်းဖြစ်တဲ့အခါ ဆေးကုသမှုကောင်းကောင်း ဘာလို့မလုပ်နိုင်ကြရတာလဲ။ ကျနော်တို့မိဘကို ဘာလို့ဆေးဘိုးဝါးခမထောက်ပံ့ နိုင်ရတာ လဲ။ ရဟန်း သံဃာတွေကို ဆွမ်းတောင် နပ်မှန်အောင် မလှူတန်းနိုင်တာလဲ။ ဒီကိစ္စတွေက စစ်တပ်အာဏာမသိမ်းခင်က အားလုံးလိုလိုပြည့်စုံခဲ့တယ်လို့ ကျနော်ပြောချင်တယ်။ လုပ်သလောက်မစားရတဲ့ အခြေအနေတွေကိုသိအောင် ကျနော်တို့ လေ့လာကြရပါမယ်။ မြန်မာပြည်ဟာ လက်နက်ကိုင် ခရိုနီတွေနဲ့ လက်နက်မကိုင် ခရိုနီတွေလက်ထဲမှာ အရာ အားလုံးရောက် နေပြီဆိုတာ သိအောင်ကြိုးစားလေ့လာကြရပါမယ်။ ကျနော်တို့စားရမယ့် ထ္မင်းလုပ်တွေကို သူတို့နည်းအမျိုးမျိုးနဲ့ လုယက်ယူ ငင်နေကြတယ်ဆိုတာ သိအောင်ကြိုးစားကြရပါမယ်။

ကနေ့အခြေအနေအရ စာဖတ်နိုင်တဲ့အခြေအနေမှာရှိနေတဲ့သူတွေနဲ့ စာဖတ်နိုင်တဲ့အခြေအနေမှာ ရှိမနေတဲ့သူတွေဆိုပြီး ကျနော်တို့နိုင်ငံမှာ နှစ်မျိုးတွေ့ရမှာဖြစ်ပါတယ်။သူတို့ကို ကူညီဘို့လိုပါတယ်။ ကူညီနိုင်ဘို့ အချက် ၃ ချက်လောက်ကို တတ် နိုင်ရင်  အရေးတယူလုပ်စေချင်ပါတယ်။ “စစ်အာဏာရှင်စနစ်ကို အပြီးအပိုင်ဖျက်သိမ်း” ဘို့ဆိုတာ လူထုအားနဲ့အံတုမှ ရ မှာပါ။ ဒီအတွက်လူထုကို အတွေးအခေါ်လက်နက်တပ်ဆင်ဘို့လိုပါတယ်။ လူထုရဲ့ စာပေယဉ်ကျေးမှုရေချိန် နိုင်ငံရေး ရေ ချိန်ကိုမြှင့်တင်တဲ့လုပ်ငန်းဟာ ဒီမိုကရေစီစနစ်ကို  တည်ဆောက်လိုသူတိုင်း အပတ်တကုတ်ကြိုးစားရမဲ့  အဓိက လုပ်ငန်း တရပ်လဲဖြစ်ပါတယ်။

၁။ ဒေါ်အောင်စုကြည် လူထုအတွက် စာပြန်ရေးပါ။ဒီမိုကရေစီစနစ်အတွက် စာပြန်ရေးပါ။အရင်က ရေးခဲ့သလို “ကြောက်ရွံ့ ခြင်းမှ လွတ်ကင်းရေး” တို့ “နှလုံးရည်တိုက်ပွဲ” တို့လို စာမျိုးတွေကို ပြန်ရေးပါ။လူထုကြားထဲဆင်းပြီး ဒီအတွေးအခေါ်တွေကို လူထုကိုမိတ်ဆက်ပေးပါ။ လူထု လက်လှမ်းမမီနိုင်တဲ့စာပေတွေကို လူထုကိုရှင်းပြပါ။ လူထုက သက်ဝင်ယုံကြည်ပြီးသားဖြစ် လို့ လူထုရဲ့နိုင်ငံရေးရေချိန် အသေအချာမြင့်မားလာမယ်ဆိုတာ ကျနော်တို့ယုံကြည်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးရုံးက ကု လားထိုင်ပေါ်ကနေ လမ်းမပေါ်ပြန်ဆင်းလာခဲ့ပါ။ ကျနော်တို့ နွေးထွေးစွာကြိုဆိုနေကြပါမယ်။

၂။ လူထုရဲ့စာပေရေချိန်မြင့်မားလာဘို့ လူထုရဲ့နိုင်ငံရေးရေချိန်မြင့်မားလာဘို့ တာဝန်ရှိတဲ့ နောက်ပုဂ္ဂိုလ်တွေကတော့ စာရေးဆရာကြီးများလို့ ပြောချင်ပါတယ်။မြန်မာပြည်တနံတလျား စာပေဟောပြောပွဲတွေ နှစ်ပေါက်အောင် အကွက်စိတ် စိတ်လုပ်ကြပါ။ စင်ပေါ်တက် ဂွင်ရှာတာမျိုးမဟုတ်ဘဲ လူထုကို စာပေရေချိန်မြင့်မားလာဘို့ နိုင်ငံရေးရေချိန်မြင့်မားလာဘို့ တာဝန်ရှိရှိ အသိရှိရှိကြိုးပမ်းပေးကြဘို့ မေတ္တာရပ်ခံလိုပါတယ်။

၃။ မီဒီယာလို့ ကိုယ့်ကိုယ်ကို သမုတ်နေကြတဲ့ ပုဂ္ဂိုလ်ကြီးများဟာလည်း ၁ တို့ ၂ တို့နဲ့ တန်းတူတာဝန်ရှိနေကြပါတယ်။ အခု လည်း လုပ်နေကြပါတယ်။  များသောအားဖြင့် NLD မကောင်းကြောင်းကလွဲပြီးရေးလေ့မရှိတာ တွေ့ရတာကတော့ အတော် ကို စိတ်မကောင်းစရာပါ။ လူထုကိုစာပေပညာ နိုင်ငံရေးပညာရစေမဲ့ အရေးအသားမျိုးရေးဘို့လည်း တာဝန်ရှိပါတယ်။

ခက်တာက NLD အနေနဲ့ကလဲ လူထုအတွက်အဓိကလုပ်ပေးရမဲ့ အလုပ်တွေလုပ်နိုင်တာ နည်းနည်းလာတာကတော့ အမှန် ပါဘဲ။ ရွေးကောက်ပွဲကာလ ဂတိတွေကလဲ အမြီးလိမ်ချိုးခံရပြီး အီးတောင်ကျယ်ကျယ်မပေါက်ရဲတော့ သလိုဖြစ် နေတော့ တာပါ။ ပြဿနာတွေလိုက်ရှင်းနေရတာနဲ့ လွတ်တော် ၅ နှစ်သက်တမ်းကုန်တော့မှာပါ။ ပြဿနာလုပ်နေသူတွေကလဲ တနေ့တမျိုး မရိုးရအောင်ကို ပြဿနာတွေလုပ်နေကြတာပါ။ ဒီနေရာမှာ  ဗိုလ်ချုပ်ဟောင်းတွေကလည်း အင်တိုက် အား တိုက် ကြံ့ဖွတ်နဲ့ အပြိုင်ပါဘဲ။ NLD ကောင်းတာလုပ်နိုင်တာနည်းလာတယ်ဆိုတာထက် စစ်အုပ်စုမကောင်းတာ လုပ် နေကြ တာကတော့ ပက်ပက်စက်စက်တွေချည့်ပါဘဲ။ စစ်ဗိုလ်ချုပ်တွေ တိုင်းပြည်ကိုအာဏာသိမ်းအုပ်ချုပ်ခဲ့တာ နှစ်ပေါင်း ၅၀ ကျော်မှာ တိုင်းပြည်အတွက်ဘာတွေလုပ်ပေးနိုင်ခဲ့သလဲ။ တိုင်းပြည်ဘယ်ဘဝရောက်ခဲ့ရသလဲ။ လူထုကိုဘယ်လောက် သတ်ဖြတ်နှိပ်ကွပ်ခဲ့ကြသလဲ။ စစ်ဗိုလ်ချုပ်တွေ ဘယ်လောက်ချမ်းသာကုန်ကြပြီလဲ။ ဒါတွေကလိမ်မရတဲ့ သမိုင်းတွေပါ။ ကြံ့ဖွတ်ဆရာက ကျနော်တို့အာဏာရရင် ဘာဆိုလားလုပ်ပြမယ်ပြောတော့ သူ့စကားကို သူ့မိန်းမတောင်မယုံလောက်ဘူး လို့ပြောရတော့မယ်ထင်ပါတယ်။

စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီယန္တရားဟာ ကျနော်တို့နိုင်ငံအတွက် အလွန်ကို စက်ဆုပ်ရွံ့ ရှာဘို့ကောင်း တဲ့ ရောဂါဆိုးကြီးဖြစ်ပါတယ်။ ကနေ့ဗိုလ်မင်းအောင်လှိုင်ရဲ့ လူမိုက်တယောက်လို ပြောဆိုလုပ်ကိုင်နေတာတွေကို လူထုထံ ဖွင့် ချ ဘို့လိုပါတယ်။ လူထုကို အသိပေးဘို့လိုပါတယ်။ စစ်တပ်ကိုလည်း အသိပေးဘို့လိုပါတယ်။

“အမိန့်ကို အခြေခံတဲ့စစ်တပ်တွေဟာ များသောအားဖြင့် တာဝန်မဲ့လေ့ရှိတတ်ပါတယ်”

အမိန့်နဲ့တာဝန်ဟာ ကွဲကွဲပြားပြားရှိတယ်ဆိုတဲ့အကြောင်း တပ်မတော်သားဟောင်းကြီးများကိုယ်တိုင် စာပေရေးသား ပြုစု ပြီး တပ်ကိုပညာရစေတာမျိုး လုပ်ကြဘို့လိုပါမယ်။ တခါလာ အာဏာသိမ်းပစ်လိုက်မယ်ဆိုတဲ့ ချာတူးလန် အတွေးအခေါ် ချာတူးလန်လုပ်ရပ်တွေနဲ့တော့ တိုင်းပြည်ကောင်းလာစရာမရှိသလို တပ်လဲကောင်းလာစရာမရှိတာ အသေအချာ ဘဲဖြစ်ပါ တယ်။ ပွင့်ပွင့်လင်းလင်းနဲ့ ရှင်းရှင်းလင်းလင်းပြောရရင် တိုင်းပြည်ဆင်းရဲလို့ကတော့ စစ်တပ်ကောင်းလာစရာမရှိ ဘူးဆိုတ ပါဘဲ။ ချွင်းချက်အနေနဲ့ စစ်ဗိုလ်ချူပ်တွေ သန်းကြွယ်သူဌေးတွေ ကုဋေကြွယ်သူဌေးတွေဖြစ်ကြတာကို ကျနော် ဆိုလိုတာ မဟုတ်ပါဘူး။

ကျနော်တို့ အိမ်နီးနာချင်းနိုင်ငံတွေမှာ ရေငုတ်သင်္ဘောတွေကိုယ်စီရှိကြတယ်။ တိုင်းပြည်ချမ်းသာလာကြတာကိုးဗျာ။ ကျ နော် တို့ တိုင်းပြည်က စားရမဲ့သောက်ရမဲ့ လူထု၊ ဆေးကုသဘို့ငွေမရှိတဲ့လူထု၊ ကလေးကို ပညာကောင်းကောင်းသင်မပေး နိုင်တဲ့လူထု။ မိဘကို အမှိုက်ပစ်သလို လမ်းပေါ်ပစ်ချထားရတဲ့ လူထု၊ ဘယ်မှာစစ်တပ်အတွက် ရေငုတ်သင်္ဘောဝယ်ပေး နိုင်မှာလဲတဲ့ဗျာ။ ငွေတွေသောက်သောက်လဲချမ်းသာနေကြတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကလည်း သားသမီးအတွက်အထိ လုံ လောက်တဲ့ ပမာဏတွေရှိနေကြပါရဲ့  အခုရှာတာ မြေးလေးအတွက်ဆိုဘဲ။ ရွံစရာလို့ဘဲ ပြောလိုက်ရကြောင်းပါဗျာ။

(ကျနော်တို့မြန်မာလူမျိုးတွေ စာများများဖတ်နိုင်ကြပါစေ)

ကိုအောင်မှိုင်း
(၁၇ ရက် နိုဝင်ဘာလ ၂၀၁၈ ခုနှစ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts