ကဗျာ မြန်မာပြည်တွင်း

စိုးရိမ် – အဘိုးအိုတေး

အဘိုးအိုတေး
စိုးရိမ်
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၈

အားဖျော့လာတဲ့ အလင်းအောက်
တိမ်တွေရှိတဲ့အရပ်ကို ငါငေးတယ် …
ပြန်မလာတော့မယ့် မျှော်လင့်ခြင်းလေး
ဘယ်မြေမှာပွင့်ဝေလို့ ဘယ်လေမှာ ရနံ့ဖြာနေလဲ
နှင်းထဲစိုက်ဝင်သွားတဲ့ ချစ်ခြင်းရှိုက်သံကို
မင်းလှည့်မကြည့်တော့တာ မင်းမကြာတော့တာ
ရင့်အိုလာတဲ့ ပုံရိပ်တွေက သက်သေပါ …
ဒီလို တစ်ဘဝစာ ကျွံကျမှုထဲ
ဒဏ်ရာက သူ့နာကျင်မှုကိုပွတ်သပ်ကြည့်သလို
တိမ်တွေရှိတဲ့အရပ်ကို ငါငေးတယ်။ ။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts