About MoeMaKa

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈

မိုးမခစာပေက ထုတ်ဝေပြီး ဆိပ်ကမ်းသာတိုက်က ဖြန့်ချိတဲ့ စာရေးဆရာ မောင်မောင်စိုး၏ စာအုပ် “နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၁၉၈)” ထွက်ပါပြီ။

စာအုပ်တန်ဖိုး ၅ထောင်ကျပ်၊ စာမျက်နှာ ၆၀၀ နီးပါး။

မောင်မောင်စိုးရဲ့ နိုင်ငံရေးဘ၀ ဖြတ်သန်းရုန်းကန်ခဲ့ရမှုများကို ရေးသားထားခြင်း ဖြစ်သည်။ ပထမစာအုပ် ရွှေနဒီတိုက်ထုတ် ‘လွမ်းရစ်ဝေသောနေ့များ၊ ညများ၊ ဘ၀ပေါင်းများစွာ (၁၉၅၆-၇၅)’ ၏ အဆက် ဒုတိယစာအုပ် – အရှေ့မြောက်တောင်တန်းများပေါ်မှ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၁၉၈၀)’ ဖြစ်ပါတယ်။

စာရေးသူက … ” သမိုင်းကာလတခုတွင် ဖြစ်ပျက်ခဲ့သော နိုင်ငံရေးအခြေအနေ သုံးသပ်ကြည့်မြင်ပုံများ၊ လှုပ်ရှားရုန်းကန်ခဲ့မှုများ၊ ဖွဲ့စည်းတည်ဆောက်ခဲ့ပုံများ၊ ပြင်းထန်သောစစ်ရေးတိုက်ပွဲများ၊ မြောက်များစွာသော အသက်သွေးချွေးများ၊ အမှားများ၊ အမှန်များမှနေ၍ သင်ခန်းစာထုတ်နုတ်ယူကြည့်ခြင်း ဖြစ်သည်။ အရှေ့မြောက်နယ်စပ်တလျောက် ယနေ့တိုင်လှုပ်ရှားနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်တည်လာပုံများအားလည်း ဆက်စပ်လေ့လာစဉ်းစားသုံးသပ်နိုင်ရန် ရည်ရွယ်ပါသည်” ဟု အမှာစာမှာရေးထားပါတယ်။

မောင်မောင်စိုးသည် ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့မြောက်သို့ ၁၉၇၅ မှ စတင်သွားရောက် တာဝန်ယူခဲ့သည်။ ၁၉၉၀ ဇွန်လတွင် န၀တစစ်အစိုးရ၏ ဖမ်းဆီးခြင်း ခံရပြီး ၁၉၉၄ မတ်အထိ အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ယခု ရန်ကုန်တွင် စာရေးသားနေထိုင်သည်။

ဆိပ်ကမ်းသာစာပေက ဖြန့်ချိပြီး တဦးချင်းတိုက်ရိုက် စာအုပ်မှာယူပါက ၁၀% လျော့ဈေး နှင့် စာတိုက်ပို့ခ ကျသင့်ငွေကို ထပ်ဆောင်းပေးပြီး မှာယူနိုင်ပါသည်။

https://www.facebook.com/seikkantha


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts