ကဗျာ

ကိုအောင်မှိုင်း ● ထင်းအတုနဲ့ မီးမွှေးခြင်း

ကိုအောင်မှိုင်း ● ထင်းအတုနဲ့ မီးမွှေးခြင်း
(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၈

သူလေ
ဓါးအတုကြီးထမ်းပြီး
ထင်းအတုတွေခုတ်ဘို့
တောအတုကြီးဆီသွားလေရဲ့ ။

တနေ့ကုန်ခုတ်လိုက်တာ
ထင်းအတုအတော်များများ
ခုတ်လို့ရခဲ့တာပေါ့။

ညနေ နေစောင်းတော့
ထင်းအတုတွေထမ်းပြီး
အိမ်အစစ်ကိုပြန်ခဲ့တယ်။

အိမ်အစစ်ရောက်တော့
ထင်းအတုတွေနဲ့
မီးအစစ်ကိုမွှေးဘို့
ကြိုးစားလိုက်တာ
မိုးစင်စင်လင်းပါရောလား။

ထင်းအတုက
မီးအစစ်ကို မွှေးလို့မရပါလား။

ဇရာအစစ်ကတော့
သူအစစ်ကို
မိတ်ဆက်အနမ်းများနဲ့ ကြိုလို့နေရဲ့ ။

ကိုအောင်မှိုင်း
(၅ ရက် နိုဝင်ဘာလ ၂၀၁၈ ခုနှစ်)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts