ကိုသန်းလွင် ရသဆောင်းပါးစုံ

ကိုသန်းလွင် ● လူ ၉၀ သေခဲ့ရသော အာဖရိကတော်လှန်ရေး

ကိုသန်းလွင် ● လူ ၉၀ သေခဲ့ရသော အာဖရိကတော်လှန်ရေး
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၈

(၁)
တောင်အာဖရိကမှ လူငယ်ဆိုင်ရာအဖွဲ့၏ အတွင်းရေးမှူးချုပ် မာဂါကာ (Sindoso Magaqa) သည်ဇူလိုင်လ ၁၂ ရက်နေ့တွင် သေနပ်သမားတို့၏၀ိုင်းဝန်းပြစ်ခံခြင်းခံရပြီး စက်တင်ဘာလ ၃ ရက်နေ့က ဆုံးသည်။ (ANC -African National Congress) ၏အဖွဲ့ဝင်များဖြစ်ပြီး သေနပ်သမားလက်ချက်ဖြင့် အသက်ဆုံးရှုံးရသူပေါင်းမှာ လူ ၉၀ ကျော်သွားပြီဖြစ်သည်။

မစ္စတာမာဂါကာ သည် တစ်နေ့တွင် ဒီလိုသေရှုံးရမည်ဆိုခြင်းကိုသိပါသည်။ သို့သော် သေနပ်ဖြင့်ဝိုင်းပြစ်ခြင်း ကဲ့သို့ ရုတ်ရင်း ကြမ်းတမ်းစွာဖြင့် ဘ၀နိဂုံးချုပ်ရမည်ကို လိုလားမည်မဟုတ်ပါ၊ သူ့မိတ်ဆွေတစ်ဦးသည် လွန်ခဲ့သော လအနည်းငယ်က ထိုသူ့အိမ်ရှေ့မှာ သေနပ်အပစ်ခံရသည်။ အခြားမိတ်ဆွေတစ်ဦးမှာ ညအချိန်အိမ်ရှေ့ တံခါးကို ဖွင့်နေစဉ် အမှောင်တွင်းမှ သေနပ်သမားထွက်လာပြီးပြစ်သတ်သွားသည်။ ယခု မစ္စတာ မာဂါကာ အသက် ၃၄ နှစ်သည် သေနပ်ဒဏ်ရာ ၆ချက်ဖြင့် ဆေးရုံပေါ်မှာဝေဒနာ ခံစားရင်း အသက်ဆုံးရှုံးခဲ့ရပါသည်။

(၂)
မစ္စတာမန်ဒဲလား ဦးစီးဦးဆောင်ပြု၍ ဖွဲ့စည်းခဲ့သော အာဖရိကန်အမျိုးသားကွန်ဂရက်ကြီးမှာ မာဖီးယား ဂိုဏ်း သဘွယ်ဖြစ် နေပါပြီ၊ သူတို့ကလူကိုသတ်သည်နှင့်အတူ အရေးကြီးတဲ့ (Message) လဲ ပေးချင်၍ဖြစ်ပါသည်။ “ကိုယ်နဲ့မဆိုင်တာတွေကို ၀င်ပြောရင်း ဒါတွေဖြစ်လာမှာဘဲ” ဟုဆိုလိုသည်ဟု အေ၊အန်၊စီ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဇူးလူး (Thabiso Zulu) မှာလည်း အမှန်ကိုပေါ်ပေါက်အောင်ဆော်သြနေသူ (Whistle Blower) ဖြစ်ပြီး သူသည်လည်းပုန်းပြီး အိပ်နေရပါသည်။

နိုင်ငံရေးအရ လုပ်ကြံမူများသည်  မြင့်တတ်လာနေပြီး ယခင်က နိုင်ငံရေးအရညီညွှတ်ပြီး ကြံ့ကြံ့ခံခဲ့သော ပါတီမှာ ပြိုကွဲစပြု နေပါပြီ၊ မန်ဒဲလား မျှော်မှန်းခဲ့သောညီညွှတ်သည့် ဒီမိုကရေစီနိုင်ငံတော်ဖြစ်မြောက်ရေးသည်လည်း  လမ်းပျောက်လုလုဖြစ် နေပါသည်။

သို့သော် ၁၉၉၀ ခုနှစ်များကပေါ်ပေါက်ခဲ့သော အကြမ်းဖက်မှုများကဲ့သို့ ပြိုင်ဘက်ပါတီများ အချင်းချင်း အနိုင်လု ကြသော ပွဲမဟုတ်ပါ၊ အေ၊ အန်၊ စီ၊ အချင်းချင်း လူသတ်သမားများ ငှားရမ်းခါ ဇာတ်တူသားအချင်းချင်း ပြစ်ခတ် ဖျက်စီးနေကြခြင်း ဖြစ်ပါသည်။

အာဖရိကတိုက်မှ ၀ိုးတ၀ါး သာမြင်နိုင်သောနိုင်ငံတစ်နိုင်ငံအဖြစ်မှ အမေရိကားအထိကျော်ကြားခဲ့သော၊ နိုင်ငံ ဖြစ်လာသည်။ တစ်ကမ္ဘာလုံး ၀ိုင်းပါယ်ခံရသည့် အပါသိုက် (Apartheid) နိုင်ငံအဖြစ်မှ လူမဲတို့ ဦးစီးသော ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ်ပြောင်းလဲခဲ့ခြင်းမှာ တစ်ကမ္ဘာလုံးအံ့အားသင့်စရာဖြစ်ခဲ့ပါသည်။

ခြစားမူများနှင့်အချင်းချင်းသွေးကွဲမှုများသည် အေ၊ အန်၊ စီ၊ အတွင်းမှာ ယခင်နှစ်များ အတွင်းက ဖြစ်ပေါ်ခဲ့သည်။ ပါတီ၏ရည်မှန်းချက်အားလုံးမှာလည်း ပပျောက်လုနီးပါးဖြစ်နေသည်။ ၂၅နှစ်ကျော်မျှ အာဏာရလာ ပြီးသည့် နောက်ပိုင်း ပါတီဝင်များမှာ တိုက်ခိုက်ကြသည့်အဖြစ်ကို ရောက်နေတော့သည်။ သူတို့တိုက်ခိုက်ကြခြင်းမှာ နိုင်ငံ အတွက်အရေးကြီးသော ဆုံးဖြတ်ချက်များချရန် မဟုတ်ဘဲ အာဏာပိုရရေး၊ ထိုအာဏာနှင့်အတူ ရရှိလာမည့် အခွင့်အရေးများအတွက် အချင်းများကြရခြင်း ဖြစ်ပါသည်။

၂၀၁၆ ခုနှစ်ကတည်းက စတင်ရေတွက်သော် လူဦးရေ တစ်ရာနီးပါးမျှအသက်ဆုံးရှုံးခဲ့ရပြီဖြစ်သည်။ နှစ်စဉ်သေ ဆုံးခဲ့ရသည့်လူဦးရေမှာ ၂၀၁၆ မတိုင်မီ  နှစ်များထက် နှစ်ဆမျှပိုရှိနေသည်။ ကိပ်တောင်း တက္ကသိုလ် (Cape Town) ကဤအတိုင်းပင်ခန့်မှန်းသည်။

လူသတ်မူများမှာ များပြားလွန်းလာသည့်အတွက် ရဲမှ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မူများကို ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ကြေညာပါသည်။ သမ္မတအသစ် ရာမာဖိုဆာ (Cyril Ramaphosa) က လုပ်ကြံမှုတွေက မန်ဒဲလား ရဲ့ “စိတ်ကူးပုံရိပ်ကိုဖျက်စီးပစ်နေတယ်” ဟုပြောသည်။

မစ္စတာရာမာဖိုဆာက သူ၏အကွဲကွဲဖြစ်နေသောပါတီကို နောင်နှစ်ရွေးကောက်ပွဲမတိုင်မီ စည်းရုံးနေသော်လည်း အကြမ်း ဖက်မူများကို ရပ်တန့်ရန်အတွက် များစွာမလုပ်ဆောင်နိုင်ပေ၊ သူ့အစိုးရက မစ္စတာဇူးလူးနှင့် အခြား (Whistle Blower) တစ်ယောက်စုစုပေါင်း နှစ်ယောက်ကို ရဲအစောင့်အရှောက်ချပေးရန်ငြင်းဆိုသည်။

မစ္စတာမာဂါကာ၏လုပ်ကြံမှုက ခြစားမူတိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်ရသော အရာရှိကြီးများကို အံ့အား သင့်စေသည်။ အေ၊အန်၊စီ ပါတီဝင်များမှာမကောင်းမှုကိုကျူးလွန်နေကြသောပုဂ္ဂိုလ်များအကြောင်းကို လူသိ ရှင်ကြား ထုတ်ဖော်ပြောကြားရင်း အသက်ဆုံးရူံးနေကြသည်။ ရိုးရိုးနယ်ပယ်များတွင် အေ၊အန်၊စီ ၏ သြဇာ လွှမ်းမိုးမှု မှာ လူအားလုံး အကုန်နီးပါး အေ၊အန်၊စီ ပါတီဝင်ဖြစ်ကြပါသည်။ ပါတီကစီးပွားရေး၊ အလုပ်အကိုင်၊ အစိုးရကွန်ထရက် များကိုအပြိုင် အဆိုင်လုနေကြခြင်းဖြစ်သည်။

မစ္စတာမာဂါတာ၏ နယ်ဖြစ်သော (Kwa Zulu Natal) သည် အန္တရာယ်အများဆုံးနယ်ဖြစ်ပါသည်။ ၂၀၁၁ နှင့် ၂၀၁၇ ကြားတွင် အေ၊အင်၊စီ အရာရှိပေါင်း ၈၀ အသတ်ခံခဲ့ရပါသည်။ အရေးမကြီးသော အောက်ခြေအရာရှိများ ကပင် အစောင့်အရှောက်များနှင့် နေထိုင်ကြရပါသည်။ ပါတီဝင်အများစုမှာ သေနပ်ကို ကိုင်ဆောင်ကြရပါသည်။

ပါတီခေါင်းဆောင်ကြီးများက ဒီမိုကရေစီမရမီကအခြေအနေကပိုကောင်းကြောင်း၊ ထိုစဉ်ကရန်သူသည် တစ်မျိုး ထဲသာရှိကြောင်း အစိုးရကိုလူထုကဆန့်ကျင်နေကြခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သောတစ်နှစ်အတွင်းမစ္စတာမီဂါကာ နှင့် အခြား အေ၊အန်၊စီ အရာရှိ ငါးဦးသေဆုံးခဲ့ရသော နယ်မှမြို့တော်ဝန်တစ်ဦးကပြောသည်။ သူက “အခုအခြေ အနေမှာ ရန်သူဟာ ဘယ်သူလဲမသိဘူး” ဖြစ်နေတယ်ဟုပြောသည်။

မစ္စတာမာဂါကာ၏ လုပ်ကြံမှုမှာ အခြားလုပ်ကြံမူများထက်ပို၍ အရေးကြီးပါသည်။ သူသည် အရေးကြီးဆုံးနှင့် အထင်ရှားဆုံးနိုင်ငံရေးသမားတစ်ဦးဖြစ်ပါသည်။ နိုင်ငံကို ဒီမိုကရေစီ ရအောင် လုပ်ပေးခဲ့သော ပါတီမှာ ခေါင်းဆောင်များ ခေါင်းခဲစရာဖြစ်နေပါသည်။

အေ၊အန်၊စီ တွင် တစတစ ကျော်ကြားလာသော မစ္စတာမာဂါကာမှာ သူ၏မြို့ငယ်ကလေး (Umzimkhulu) သို့ ပြန်လာခဲ့သည်။ သူတို့မြို့ရှိ သမိုင်းဝင်အဆောက်အဦးတစ်ခုကို ပြန်လည်မွှမ်းမံပြင်ဆင်နေသည်။ ငွေများမှာ ဖြစ်ချင်သလိုဖြစ်ပြီး အလွဲသုံးစားလုပ်နေသည်ဟုယူဆရသည်။ ပထမ ဒေါ်လာ ၂ သန်းမျှကုန်ကျပြီး နောက်ထပ် ဒေါ်လာတစ်သန်းတောင်းနေသည်။  ပိုက်ဆံသာကုန်သော်လည်း မယ်မယ်ရရ ပြစရာ အကောင်အထည် ဘာမျှ မရှိချေ၊ ငွေများကို အလွဲသုံးစားလုပ်သည်ဟုပြောဆိုရာမှ မစ္စတာမာဂါကာနှင့်သူ၏ မိတ်ဆွေနှစ်ဦးမှာ သတ်ဖြတ် ခံလိုက်ရခြင်းဖြစ်ပါသည်။

ယခုလထဲမှာပင် ပရီတိုးရီးယား ရှိအစိုးရ၏ ဆောက်လုပ်ရေး လုပ်ငန်းများနှင့်ပတ်သတ်၍ မသင်္ကာဘွယ် ကိစ္စ ရပ်များကို ထုတ်ဖော်ပြောကြားသူမှာ လုပ်ကြံသတ်ဖြတ်ခြင်းခံရပါသည်။ သူမသည် သူမ၏ ကလေးသုံးယောက် နှင့် အတူ ကားမောင်းနေရာမှ သေနပ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရခြင်းဖြစ်ပါသည်။

လွန်ခဲ့သော လအနည်းငယ်က အစိုးရ စောင့်နေသော အိမ်ရာများ၏ အရေးအသွေးမပြည့်ဝပုံကို ပြောမိသူတစ် ယောက်မှာလည်း ဤသို့ပင် သေနပ်ဖြင့် လုပ်ကြံခြင်း ခံလိုက်ရပါသည်။

Mpumalanga နယ်တွင် အေ၊အန်၊စီ ၏ လက်ထောက်နယ်မြေမှူး ပါတီကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူမှာသူ့ အိမ်ရှေ့ သူ့သားရှေ့မှာပင် သေနပ်ဖြင့် ပစ်သတ်ခြင်းခံရပါသည်။ သူကမူ အားကစားရုံဆောက်ရာတွင် ငွေစားမူ များကို ပြောမိသောကြောင့်ဖြစ်ပါသည်။
(၃)
မြို့ပြတည်ဆောက်ရေး ပရောဂျက်များတွင်အခြားလုပ်ငန်းများနည်းတူ (Check and Balance) စံနစ်သည်ရှိ ရပါ မည်၊ အစိုးရက စောင့်ကြည့်မည့်လူများထားရမည်၊ ကြီးကြပ်ရေးအဖွဲ့များကို မြို့နယ်တိုင်းတွင် ခန့်ထားရမည်၊ အချို့ ပရောဂျက် အကြီးများတွင် မီဒီယာများက ဤအလုပ်ကို လုပ်သည်။

အပါသိုက်လက်ထက်ကဤကိစ္စတွေမရှိဘူးဆိုခြင်းမှာထိုခေတ်ကစနစ်သော်လည်းကောင်း လူတွေကစည်းကမ်း ရှိ၍လည်း ကောင်းဖြစ်ရသည်။ ဒီမိုကရေစီခေတ်မှာ ခြစားခြင်းဆိုသည်မှာ လူတွင်သာတာဝန်ရှိပြီး ဒီမိုကရေစီက ဤ ပြဿနာများကို ဖန်တီးခြင်း မဟုတ်ပေ၊ စည်းကမ်းဖေါက်သူကို ဖေါ်ထုတ်အရေးယူရပါမည်၊ မကောင်းသူ များကိုတစတစ ဖယ်ရှားခြင်းဖြင့် စနစ်သည်ကောင်းလာနိုင်ရပါမည်၊

ကိုသန်းလွင်

Ref: Hitman and Power: South Afrian Leaders are Killing one Another: By Norimitsu Onishi New York Times September 30 2018


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts