ကဗျာ

တိုးနှောင်မိုး ● လွှတ်ချမိတဲ့ တခဏ

တိုးနှောင်မိုး ● လွှတ်ချမိတဲ့ တခဏ
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၈

ပင်လယ်ငါးတွေမှာလည်း ပြဿနာရှိတယ်
ရေချိုငါးတွေမှာလည်း ပြဿနာရှိတယ်
ပြာကိုဆက်လောင်လို့ မရဘူးထင်နေလား
စာဖိုးမှုးလက်ထဲကို ဘယ်လိုစားစရာရောက်ရောက်
ညစာကောင်းကောင်းတနပ်စာတော့ စီစဉ်လို့ရတယ်
ထိလွယ်ရှလွယ် မိုးကောင်းကင်မှာ ဘာတွေရှိနေသေးလည်း
ရွာသွန်းဖို့
ရထားသံလမ်းအတိုင်း ငါဖြတ်ခဲ့တယ်
ပင်လယ်ကူးသင်္ဘောတွေ ဘယ်ကရောက်လာတယ်ဆိုတာသိဖို့
ငါအသိက အတ္တကိုမကျော်လွှာစခဲ့ဘူး
ရိုးရိုးပဲ
ငါ့စိတ်နဲ့ ငါ့ခန္ဒာဟာ အတော်ပျက်စီးနေပါပြီ
ပြင်မရတဲ့အနေအထားမို့
ဦးနှောက်က လွဲချော်ချက်လည်းများနေပါတယ်
နှလုံးသားနဲ့ခံစားရတာတွေလည်း များပြားအစွန်းရောက်နေပါတယ်
ဘုရားရှင်လက်မှတ်နဲ့ အရူးဖြစ်နေရသူပါ
အလင်းအလျဉ်မှာ ဒီလူ့ဘဝကိုပဲ
ညှင်သာစွာ တအိအိပြိုလဲပါရစေ။  ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts