ကဗျာ

မောင်​ထိန်​လင်း (မြို့သာ) – ပတ်​လမ်း​ပေါ်တွင်​ ကမ္ဘာလုံးဝန်းရခြင်းအ​ကြောင်း

မောင်​ထိန်​လင်း (မြို့သာ) – ပတ်​လမ်း​ပေါ်တွင်​ ကမ္ဘာလုံးဝန်းရခြင်းအ​ကြောင်း
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၈

မျက်​လုံး​တွေ
အချင်းချင်း ဆုံတဲ့အခါ ကြည်​နူးရ
နှုတ်​ခမ်း​တွေ
အချင်းချင်း ဆုံတဲ့အခါ ရွှင်​ပြရ
နား​တွေ
အချင်းချင်း ဆုံတဲ့အခါ ချမ်း​မြေ့ရ
လည်​​တွေ
အချင်းချင်း ဆုံတဲ့အခါ ၀မ်းသာရ
ရင်​ဘတ်​​တွေ
အချင်းချင်း ဆုံတဲ့အခါ နားလည်​ရ
လက်​​တွေ
အချင်းချင်း ဆုံ၊ ချုပ်​ချယ်​စိုးမိုး​နေရင်
ခြေ​တွေ
အချင်းချင်း ရှုပ်​၊ လမ်းမ​တွေ့​တော့ဘူး။
ကမ္ဘာ
လုံးဝန်းလာတယ်​။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts