K ငြိမ်းချမ်း သတင်းပဒေသာ

မြန်မာနိုင်ငံကာတွန်းဆရာများအသင်း အစီအစဉ်(၉) အောက်တိုဘာ ၂၇ရက် ပြုလုပ်မယ်

မြန်မာနိုင်ငံကာတွန်းဆရာများအသင်း အစီအစဉ်(၉) အောက်တိုဘာ ၂၇ရက် ပြုလုပ်မယ်
K (မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၁၈

မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှစီစဉ်သော ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၉)ကို ရန်ကုန်မြို့ အမှတ်(၁၇၃/ ၁၇၅) ပန်းဆိုးတန်းတာဝါ-အခန်း အမှတ်(၆၀၁) ပန်းဆိုးတန်း လမ်း(အလယ်)ရှိ မြန်မာနိုင်ငံကာတွန်းဆရာများအသင်းရုံးခန်းမှာ အောက်တိုဘာ ၂၇ရက်နေ့ နေ့လယ် ၁ နာရီမှ ၃နာရီထိ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၉)မှာ ဟောပြောမျှဝေမယ့်ကာတွန်းဆရာက ကာတွန်းဆရာဟန်လေး ဖြစ်ပြီး ဟောပြောမယ့်အကြောင်းအရာခေါင်းစဉ်ကတော့ ကာ တွန်းများနှင့် သူပုန်ထခဲ့စဉ်က ဖြစ်ပါတယ်။ ကာတွန်းဟန်လေးဟာ သတင်းစာ၊ ဂျာနယ်၊ မီဒီယာအသီးသီးမှာ တကွက်ကာတွန်းများရေးဆွဲနေသူ တဦးဖြစ်ပြီး စာမဲ့ကာတွန်းများဖြင့် ထင်ရှားပါတယ်။ ယခု အောက်တိုဘာလထဲမှာပဲ Figure အမည်ဖြင့် သူ့ရဲ့ပန်းချီလက်ရာများကို Moon အနုပညာပြခန်းမှာ ၅ ရက်ကြာပြသခဲ့ပါတယ်။

ယခုကာတွန်းပညာမျှဝေခြင်းအစီအစဉ်က (၉)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ယခင်အစီအစဉ်များမှာ ကာတွန်း ဦးငွေကြည်၊ ကာတွန်းကျော်သူရှိန်၊ ကာတွန်းမြေဇာ၊ ကာတွန်း အောင်ဇေယျ၊ ကာတွန်းတင်အောင်နီ၊ ကာတွန်းအာကာ၊ ကာတွန်းရွှေမင်းသား၊ ကာတွန်းဘီရုမာတို့က ဟောပြောဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံကာတွန်းဆရာများအသင်းလူမှုကွန်ရက်စာမျက်နှာမှာလည်း ကာတွန်းချစ်သူများ မည်သူမဆို လာရောက်နားထောင်ပြီး သိလိုသည်များကိုလည်း အပြန်အလှန်မေးမြန်း ဆွေးနွေးကြဖို့ ဖိတ်ခေါ်ထားပါပြီး ဟောပြောမှုအစီအစဉ်များကိုလည်း တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts