ကဗျာ

ဇော်လူစိမ်း ● ယဉ်ကျေးမှုတော်လှန်ရေးနဲ့ ဆယ်ဖီးဆွဲ

ဇော်လူစိမ်း ● ယဉ်ကျေးမှုတော်လှန်ရေးနဲ့ ဆယ်ဖီးဆွဲ
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၈

အတွဲ (၅)၊ အမှတ် (၁) မေ၊ ၂၀၀၈ ထုတ် မဂ္ဂဇင်းမှ ကူးယူဖော်ပြခြင်းဖြစ်သည်။

ဘူဇွာတွေရဲ့ကျောပေါ် ဝီစကီတွေသွန်ချပြီး နှုတ်ခမ်းကြမ်းတွေနဲ့ စုပ်ကြ ဒိန်ခဲပျော်ပျော်တွေကို အထက်တန်းစားမိန်းမတွေရဲ့ ယုယထားတဲ့ဗိုက်သားပေါ်တင်ပြီး နာနာလျက်နေတုန်း မဟာရံတံတိုင်းကြီးပြိုကျတော့ အုတ်ကျိုး အုတ်ပဲ့ လူတန်းစားတွေ လေထဲကနေပြန့်နှံ့လို့  ပုဂ္ဂိုလ်ရေးငါးလေးတွေထည့်ထားတဲ့ ဖန်ပုလင်းတွေဟာ ကျကွဲ  အလံဟာ လေမှာ ဖျတ်ဖျတ်လူးတာ တော့ ရေနဲ့လွတ်နေတဲ့ငါးပဲ သွေးဆာနေတဲ့တီရှပ်ကို အမြောက်နဲ့ထုကြ တဘဝပြီး တဘဝထဲ စုတ်ပြတ်သတ် မေးရိုးကြီး သတ်သတ်ကျန်တဲ့အထိ စီးကရက်ကိုသာခဲထားလေ တစ်ခေတ်ပြီးတခေတ်ထဲအရောက် ကိုယ်တတပိုင်းစာဝင်ကြည့်နေမိနဲ့ တော်လှန်ရေးအလွန်အကျွံသုံးစွဲခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေပါတယ် ကင်မရာထဲလာပေါ်နေတဲ့ ဝတ်စုံပြည့်တစ္ဆေတွေ ဟာ အတော်ကြာကြာအသက်ရှင်နေသေးတာပဲ ခလုတ်နှိပ်လိုက်မှ လိင်ဆက်ဆံပြီးစလိုလို ဓာတ်ပုံဟာ ရုတ်တရက်သာယာလှ တယ်ပေါ့။

ဇော်လူစိမ်း

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts