ကဗျာ

စိုးခိုင်ညိန်း ● စစ်ပွဲများ (၈)

စိုးခိုင်ညိန်း ● စစ်ပွဲများ (၈)
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၈

မြို့က တစပြင်တခုလို
ကျီးနဲ့ ဖုတ်ဖုတ်
မီးသဂြိုဟ်စက်ရဲ့ မီးခိုးခေါင်းတိုင်မှာ
မီးခိုးဟာ မနားတမ်း ထုတ်လွှတ်လို့
မြို့ကြီးတခုလုံး ပစ်ပြေးရလောက်အောင်
ဘယ်လိုအကြောက်တရားက ကြီးစိုးခဲ့ပါလိမ့်
သွေးစွန်းနေသော လမ်းမများ
တိုက်ပျက်အုတ်ပုံတွေ အကြား
ခွေးလေ ခွေးလွင့်တွေပဲ လမ်းသလားလို့
ညမှာ သွေးညှီနံ့တွေ ပေနေတဲ့ လရောင်အောက်
အလောင်းကောင်တွေဟာ ကုန်းရုန်းထလာကြတယ်
အဲဒါ စစ်ကောင်တွေပဲ
သူတို့ကိုယ်ထဲ ကျည်ဆံတွေပစ်ထည့်ပြီး
သွေးအားကောင်းနေတဲ့ စစ်ကောင်တွေပေါ့
သူတို့ကို သတ်ပစ်ချင်ရင်တော့
သေနတ်နဲ့တော့ ပစ်သတ်လို့မရဘူး။

စိုးခိုင်ညိန်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts