K ငြိမ်းချမ်း သတင်းပဒေသာ

ဖန်တီးမှုအမြင်များနှင့် ဖန်တီးမှုကဏ္ဍ တိုးတက်ပြောင်းလဲမှု ဆွေးနွေးပွဲ အောက်တိုဘာ ၁၉

ဖန်တီးမှုအမြင်များနှင့် ဖန်တီးမှုကဏ္ဍ တိုးတက်ပြောင်းလဲမှု  ဆွေးနွေးပွဲ အောက်တိုဘာ ၁၉

K (မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၈

Creative Perspectives Myanmar က ကြီးမှူးစီစဉ်တဲ့ ဖန်တီးမှု နယ်ပယ်အတွင်းက အသက်မွေးဝမ်းကျောင်း အတတ်ပညာများအကြောင်း အသိပညာဖလှယ်ပွဲလေးတွေရဲ့ အဆက်တခုဖြစ်တဲ့ “Creative Perspectives & Industry Evolution” အမည်ရှိ “ဖန်တီးမှုအမြင်များနှင့် ဖန်တီးမှုကဏ္ဍ တိုးတက်ပြောင်းလဲမှု” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ရန်ကုန် မြို့ဗဟန်းမြို့နယ် ရေခဲဆိုင်မှတ်တိုင်အနီး၊ Butterfly Hotel ဘေး)ရှိ Goethe Institute Auditorium မှာ အောက်တိုဘာ ၁၉ရက်နေ့ ညနေ ၆နာရီခွဲ မှ ၈နာရီခွဲကျင်းပပြုလုပ်သွား မယ် လို့သိရပါတယ်။

ဆွေးနွေးပွဲမှာ Creative marketing ရဲ့ သမားရိုးကျမှသည် ဒစ်ဂျစ်တယ်ခေတ်ဆီသို့ အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာခဲ့ပုံတွေကို ၎င်းတို့နယ်ပယ်အသီးသီးမှာ အတွေ့အကြုံ များလှတဲ့ ဦးဆောင်ဆွေးနွေးသူများမှ ဆွေးနွေးဝေမျှပေးသွားမှာပဲ ဖြစ်ပြီး ဒစ်ဂျစ်တယ်ခေတ်ဆီသို့ မောင်းနှင်မှုများ၊ ကုမ္ပဏီများအနေနဲ့ မိရိုးဖလာမှ ဒစ်ဂျစ်တယ်ဆီသို့ ဘာကြောင့် ပြောင်းလဲလာကြပါသလဲ ဆိုသည့်အကြောင်းအရာများ၊ နည်းပရိယာယ်များကို မိရိုးဖလာနည်းဟောင်းမှခွဲထွက်၍ ဒစ်ဂျစ်တယ်နည်းပညာများဖြင့် အကောင်အထည်ဖော်မှုများ အကြောင်း သူတို့တွေကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲတွေကို ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ယှဉ်ပြီး ထည့်သွင်းဆွေးနွေးသွားမယ်လို့သိရပါတယ်။

ဦးဆောင်ဆွေးနွေးပေးမယ့်သူများကတော့ (၁) ကိုမောင်မောင်ထွေး – Creative Director, Ignite Marketing, Creativehunts (၂) ကိုရဲမြတ်မင်း – CEO and Founder of nexlabs (၃) ကိုကောင်းစည်သူ – Executive Creative Director at BigBang Marketing တို့ပဲဖြစ်ပါတယ်။

ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ၎င်းတို့လူမှုကွန်ရက်စာမျက်နှာကနေ “ မိရိုးဖလာမှ ဒစ်ဂျစ်တယ်ခေတ်ဆီကို ချီတက်လျှောက်လှမ်းခဲ့တဲ့ ခရီးတစ်လျှောက် သူတို့ဖြတ်သန်းခဲ့ရတဲ့ အတွေ့ အကြုံတွေ၊ ကျော်လွှားခဲ့ရတဲ့ အခက်အခဲတွေကြားက အောင်မြင်မှု သမိုင်းမှတ်တိုင်တွေကို လေ့လာခွင့်ရမှာပါ။ ဒီဆွေးနွေးပွဲလေး အပြီးမှာတော့ အမေးအဖြေကဏ္ဍလေး ရှိမှာ ဖြစ်ပါတယ်။ ပွဲစဉ်တစ်လျှောက် မြန်မာလိုပဲ ဆွေးနွေးသွားမှာပါ။ CP ရဲ့ထုံးစံအတိုင်း ဒီပွဲလေးကိုလည်း မည်သူမဆို *အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး၊ အစားအသောက်များကို လည်း *အခမဲ့ စီစဉ်ပေးထားမှာပါ”လို့ ရေးသားပြောဆိုထားပါတယ်။

ယခု ဆွေးနွေးပွဲအရင်မှာလည်း Copy နဲ့ content ဆန်းသစ်တီထွင်ခြင်း အမည်ရတဲ့ ဖန်တီးမှုနယ်ပယ်က အသက်မွေးမှုအတတ်ပညာတွေအကြောင်း အသိပညာဖလှယ်ပွဲကို ၂၀၁၈၊ သြဂုတ်လ ၁၀ရက်နေ့မှာ ကျင်းပပြုလုပ်ထားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts