ကဗျာ အောင်ဝေး

အောင်ဝေး – ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၇ )


Art – Than Htay Maung

အောင်ဝေး – ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၇ )
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၈

နိုင်ငံတော်ဟာ ဖျားနာ နေတယ်
ဒီကောင်တွေ မဟုတ်သေးဘူး။နိုင်ငံတော်ဟာ ဖျားနာနေတယ်
ဖိနပ်နဲ့ မတော်လို့၊ ဖနှောင့်ကို လှီးပစ်တယ်
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနာနေတယ်
ငါးမရလို့တဲ့၊ မြစ်ကို မီးရှို့ပြီး ပြန်တယ်
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနာနေတယ်
မစားရတဲ့အမဲ သဲနဲ့ပက်တာမဟုတ်
မနားရတဲ့အပင် မစင်နဲ့သုတ်တာ
ဒီကာင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနာနေတယ်
လုပ်စားတော့ မိုးခေါင်
ခိုးစားတော့ ခွေးဟောင်
တောင်းစားမယ်ကြံတော့ ရထားကထွက်သွားပြီ
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနာနေတယ်
ရွေးကောက်ပွဲ(ကြားဖြတ်) နီးလာပြီ
ခွပ်ဒေါင်းကို ဖွတ် ချောင်းနေသည်
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနာနေတယ်
ဘာသာရေးအစွန်းရောက်
လူမျိုးရေးအစွန်းရောက်
အကြမ်းဖက်သမားတွေ ကျီးကန်းတောင်းမှောက်
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနာနေတယ်
ခိုင်ထူးရေ- တချို့တွေ နေနိုင်လွန်းတယ်
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနာနေတယ်
(တော်လှန်ရေးမှာ အဖျက်သမား နှစ်စုရှိတယ်
၁။ ကလေကချေတွေ နဲ့ ၂။ ပဉ္စမံတပ်သားတွေ)
အခု တတိယအစု ပေါ်နေပြီ
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနာနေတယ်
ငါလည်း စာမတတ်၊ ငါ့ ယောက်ဖ ငညိုပြောတာလည်း ငါမယုံ
အဲလို လူတွေ များများလာတယ်
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနာနေတယ်
နိုဘယ်ဆုကို ပြန်ရုပ်သိမ်းခိုင်းနေကြတယ်
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနာနေတယ်
ပူလစ်ဇာဆု မျှော်တဲ့လူက မျှော်နေတယ်
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနာနေတယ်
ကဗျာကို သေနတ်ပြောင်းဝက ထွက်စေချင်နေသလား
ဒီကောင်တွေ မဟုတ်သေးဘူး။

နိုင်ငံတော်ဟာ ဖျားနေပေါ့ 
မစ္စစ် ခရစ်စတင်း ဘာဂနာ ရောက်လာတယ်
ဒီကောင်တွေ ဟုတ်ကို မဟုတ်သေးဘူး။ ။

(သူငယ်ချင်း စောဝေ သို့)

ေ အ ာ င္ ေ ၀ း
(၁၀- ၁၄- ၁၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts