About MoeMaKa ဒေါက်တာခင်မောင်ဝင်း (သချာင်္)

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈

မိုးမခစာပေက စီစဉ်ပြီး ဒေါက်တာခင်မောင်ဝင်း(သချာင်္) ဘာသာပြန် ဖြည့်စွက်ရေးသားတဲ့ ခေတ်သစ်အတွက်ပညာရေးစာအုပ် ထွက်ပါပြီ။ ပထမအကြိမ်အဖြစ် ချင်းတွင်းမဂ္ဂဇင်းပါ အခန်းဆက်ဆောင်းပါးစုစည်းမှုအဖြစ် ထွက်ရှိခဲ့ပြီး ယခု ဒုတိယအကြိမ်မှာတော့ စာရေးသူ၏ အတွေးအမြင်တွေကိုပါ ဖြည့်စွက်ပြီး ပြန်လည်ရေးသားခဲ့ပါတယ်။

Sir Richard Livingstone ရေးသော Some Tasks For Education စာအုပ်ကို ဘာသာပြန်ထားခြင်းဖြစ်သည်။ ၎င်းသည် ၁၉၆၀ လောက်က ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာနှင့်သိပ္ပံ နောက်ဆုံးနှစ်အတွက် အင်္ဂလိပ်စာတွင် ပြဌာန်းခဲ့သော စာအုပ်ဖြစ်သည်။ ဟု မိတ်ဆက်ထားပါတယ်။

မိုးမခစာပေတိုက်က ထုတ်ဝေပြီး၊ အုပ်ရေ ၁၀၀၀၊ တန်ဖိုး ၃၀၀၀ ကျပ် ဖြစ်ပါတယ်။ ဆိပ်ကမ်းသာစာပေက ဖြန့်ချိပါတယ်။ ဆိပ်ကမ်းသာစာပေ – အမှတ် ၁၃ / ၃၈ လမ်း။ ပလာဇာဈေးသစ် ။ ၀၉ ၇၈၆၈၃၇ ၃၀၅ / ၀၉ ၉၆၃၆၉၉၈၃၄ကို တိုက်ရိုက်မှာယူနိုင်ပါတယ်။

တအုပ်ချင်း စာတိုက်က မှာမယ်ဆိုရင် စာအုပ်တန်ဖိုးကို ၂၀% လျော့ပေးပြီး ပို့ခ ၁၀၀၀ ကျပ် ဆောင်းပေးရပါမယ်။  စာတိုက်က တအုပ်ချင်းအမှာဈေးက ၃၄၀၀ ကျပ်သာ ကျသင့်ပါမယ်။

မိုးမခစာအုပ်တိုက်က ထုတ်ဝေခဲ့ပြီးဖြစ်တဲ့ “သချာင်္အတွေးအခေါ်သမိုင်း၊ ဂိမ်းသီအိုရီ နှင့် အတွေးအမြင်ဆောင်းပါးများ” နဲ့ “အခြေခံတွက်နည်း၊ လက်တွေ့အသုံးချဆိုင်ရာ ဂိမ်းသီအိုရီ အတွေးအမြင်ဆောင်းပါးများ (၂)” ကိုလည်း မှာယူဖတ်ရှုနိုင်ပါတယ်။ တအုပ်ချင်းစီ ရောင်းဈေးက ၃ထောင်ကျပ်ပါ။ တိုက်ရိုက်တအုပ်ချင်းစာတိုက်အမှာစာများကို ၂၀% လျော့၊ ပို့ခ ၁ထောင်နဲ့ ပို့ပေးပါမယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts