ကဗျာ

စိုးနောင် (မုံရွာ) ● လက်ဆင့်ကမ်း

စိုးနောင် (မုံရွာ) ● လက်ဆင့်ကမ်း
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၈

သားက
ယောက်ျားလေးဆိုတော့
စစ်တိုက်တမ်းကစားချင်တယ်
သားကို
စစ်တိုက်တမ်းမကစားဖို့
ကျွန်တော်မတားရက်ဘူး
ဒါကြောင့်မို့
စစ်တိုက်တမ်းကစားပြီးရင်
ငြိမ်းချမ်းရေးလုပ်တမ်းကစားရမယ်လို့
သားကိုနားဝင်အောင်
ကျွန်တော်ပြောထားရတယ်။    ။

စိုးနောင် (မုံရွာ)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts