လောကဓာတ်ခန်း

တင်ဝင်း – Functional Medicine ကြောင်းကျိုးဆက် ဆေးပညာ


တင်ဝင်း – Functional Medicine ကြောင်းကျိုးဆက် ဆေးပညာ

(သူ၏ဖေ့စ်ဘွတ်ကနေ ကူးယူတင်ဆက်ပါတယ်)

မိုးမခ၊ အောက်တိုဘာ ၁၊ ၂၀၁၈Functional Medicine ကို ဆရာမကြီး ဒေါ်ခင်နွယ်ဝင်း (ဆရာမ၏ဖေ့စ်ဘွတ်လင့်ခ်) ပြောမှ ကျနော် ကြားဖူးတာပါ။

၂၀၁၄ ခုနှစ်တုံးက ဆရာမကြီးရဲ့ အရွက်ကြိတ်ရည် ကို လေ့လာပီး အရွက်ကြိတ်ရည်ကို စသောက်ခဲ့ပါတယ်
ဒါပေမဲ့ တခြား ဘာမှ ဆက်မကြည့်ဖြစ်ခဲ့ဘူး ဘာဆေးမှလဲ သောက်ဖို့ စိတ်မဝင်စားခဲ့ပါ။

အဲ့ အချိန်က ကျနော် မှာ သွေးတိုး ဆီးချို ကိုယ်လက်စထရော ၃ မျိုးလုံး ဆေးသောက်နေရတယ်။ အဲ့ဒီရောဂါတွေ ကျနော် မလိုချင်ပါဘူး။ အမျိုးတွေ အသိတွေ ထဲမှာ ဒီရောဂါ ဖြစ်တဲ့လူတွေ မြင်နေ ကြားနေတယ် ။
ဒီရောဂါတွေ က ကြာလေ ဆိုးလေ တခြား ရောဂါ ပေါင်းစုံ လဲ ဆက်ဖြစ်လာမှာနားလည်နေခဲ့တယ်။

အရွက်ရည်ကို စသောက်ပီး ၂ ပတ်လောက်အကြာမှာ အရွက်ရည်ရဲ့ ကောင်းကျိုးတွေ ကျနော် နားလည်လာတယ် ။ ဆရာမကြီးကလဲ အရွက်ရည်ကို စွဲစွဲ မြဲမြဲ သောက်ရင် သွေးတိုး ဆီးချို ရောဂါတွေ ပျောက်သွားလိမ့်မယ်လို့ ပြောတာ ကြောင့် အရွက်ရညိကို အများကြီးသောက်ခဲ့တယ်။

ကျနော်က ဘာလုပ်လုပ် ရည်ရွယ်ချက်နဲ့ လုပ်တတ်လို့ သွေးတိုး ဆီးချို ကိုယ်လက်စထရော ကို ၁ နှစ်နဲ့ ပျောက်အောင်လုပ် မယ်လို့ ရည်ရွယ်ခဲ့တယ် ။ သောက်နေတဲ့ ဆေး ၃ မျိုးလုံးကို မသောက်ဘဲ ရပ်ခဲ့တယ်။
တနေ့ကို အရွက်ရည် 64 ounces သောက်တယ် ။ ထမင်း အသား ဆား အချိုမှုန့် အကုန်ဖြတ်လိုက်တယ် ။
အရွက်တွေ ပြုတ်စားတယ်၊ ကျော်စားတယ် ၊သုတ်စားတယ်၊ ပဲမျိုးစုံ ပြုတ်စားတယ်။ မုန့်ပဲ သွားရည်စာ ဘာမှ မစားဘူး။ အဲဒိလို ၄ လလောက် စားပီးချိန် မှာ သွေးသွားစစ်ရတယ် ။ သွေးတိုး ဆီးချို ကိုယ်လက်စထရော ဘာမှ မရှိ တော့ဘူး အားလုံးပျောက်သွားတယ် ။  ကိုယ် အလေးချိန်က ၁၅၅ ပေါင် ကနေ ၁၂၄ ပေါင်ထိ ကျသွားတယ် ။  ဒါပေမဲ့ လုပ်ရတဲ့ အလုပ်က တနေ့လုံးလမ်းလျောက် ရတော့ ရေရှည် အဲ့အတိုင်း မစားနိုင်ဘူး။ ထမင်း နဲနဲ အသား နဲနဲ ပြန်စားခဲ့ရတယ်။

ဆီးချိုနဲ့ ကိုယ်လက်စထရောကို အစားနဲ့ ထိန်းနိုင်ပေမဲ့ သွေးတိုးကို မထိန်းနိုင်လို့ သွေးတိုးဆေး ပြန်သောက်ခဲ့ရတယ်။

၂၀၁၇ ခုနစ် မေ လလောက်ကမှ YouTube က ဆရာမကြီးရဲ Video တွေကို နားလည်အောင် အခေါက်ခေါက် အခါခါ နားလည်အောင်ကြည့်ခဲ့တယ်။ မကြည့်အားရင်တောင် အသံဘဲနားထောင်ခဲ့တယ် ။ နားလည်လာတော့ ဖြည့်စွက်စာတွေ သောက်ခဲ့တယ် ။ ခန္တာကိုယ်ထဲမှာ လိုအပ်တာတွေ ပြည့်စုံနေရင် ခန္တာကိုယ် ကြီးက သူဟာသူ Healing ဖြစ်ပီး သူဟာသူ ပြန်ကုလိမ့်မယ် ဆိုတာ နားလည်ခဲ့တယ်။ အကြိုက်ဆုံး Video ကတော့ Jan 23 2018 နေ့ က ဆရာမကြီးပြောခဲ့ တဲ့ ဝိသုဒ္ဓိမင်္ဂ ဒေသနာတော်ကို ခေတ်မှိ ဆေးပညာဖြင့် လေ့လာ သုံးသပ်ခြင်း အကြောင်းပါ။ အဲ့ထဲ့က ကံ စိတ် ဥတု အာဟာရ ကို နားလည်သဘောပေါက်ခဲ့တယ်။

အခုတော့ သွေးတိုးဆေးလဲ သောက်စရာမလိုတော့ပါဘူး။

ပြောချင်တာ က သွေးတိုး ဆီးချို ရောဂါတွေ က Conventional Medicine မှာ ပျောက်အောင် မကုနိုင်ပါဘူး။ ကြာလေ သောက်ရတဲ့ဆေး Dose တွေ များလာပီး ဘေးထွက် ဆိုးကျိုးတွေရ အခြားရောဂါ ပေါင်စုံ ဝင်ပီး အား မရှိဘဲ တချိန်လုံး မောပန်းနေမှာပါ။ ဘဝ အရည်အသွေးလဲ မကောင်းပါ။

လက်ကကျီးပေါင်း ကို ဆရာဝန်ပြတုံးကလဲ အဲ့တာ ပျောက်အောင် ကုဖို့ ဆေးမရှိဘူးပြောတယ်။

အခု ဆရာမကြီး ကျေးဇူးနဲ့ တော်တော်လေး သက်သာနေပြီ။

ကျီးပေါင်း က Autoimmune Diseases ဖြစ်လို့ Gluten ကို အဓိက ရှောင်ရမှာ သိပေမဲ့ အခုထိ Gluten ကို ၁၀၀% မရှောင်နိုင်သေးပါဘူး

Autoimmune diseases တွေဟာ Gluten ကို လုံးဝ ရှောင်ရမယ် ဆိုတာ ဆရာမကြီး ခဏခဏ ပြောပေမဲ့ သိပ် အလေးအနက်မထားမိတာ အမှန်ပါ

Autoimmue diseases ဖြစ်နေတဲ့သူတိုင်းဟာ အူကျန်းမာရေး မကောင်းပါဘူး ။ ဒါကြောင့် အူကျန်းမာရေး ကောင်းအောင် ပြင်ဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ Autoimmue diseases ဖြစ်စေတဲ့ အကြောင်း အရင်း တွေက အူကျန်းမာရေး မကောင်းတာ အပြင် အခြား အချက်တွေလဲရှိပါတယ်။

စိတ်ဖိစီးမှု ကလဲ Autoimmune Diseases ဖြစ်စေတဲ့ အဓိက အကြောင်း တခု ဖြစ်တာကြောင့် စိတ်ညစ်စရာတွေ အတတ်နိုင်ဆုံးမေ့ထားပါ။ ပျော်ပျော်နေပါ၊ တရားထိုင်ပါ၊ ခင်မင်ရင်နှိးတဲ့ မိတ်ဆွေတွေနဲ စကားပြောပါ။

စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံးလျော့ချပါ ။ စိတ်ညစ်စရာတွေ ကို ခေါင်းထဲမှာ မထားပါနဲ့။အဓိက ကတော့ Probiotics များများသောက်ရမယ်။ Gluten ကို လုံးဝ ရှောင်နိုင်ရပါမယ်။

Functional Medicine ရဲ့အဓိကသော့ချက်က  နေ့စဉ် စားနေတဲ့ အစားအစာ ဟာ ဆေးပါ။

ဆရာမကြီးက အပြည့်အစုံ ရေးပေးပြိးသားမို့ link ပါထည့်ပေးထားပါတယ်။ ဆရာမကြီးရေးထားတာကို သေသေချာချာ နားလည်အောင် အခေါက်ခေါက် အခါခါ ဖတ်ကြည့်ပါ။ ရောဂါ တော်တော် များများက Autoimmune diseases နဲ့ အူကျန်းမာရေး မကောင်းတာကြောင့် ဖြစ်တာမို့ လူတိုင်းလိုလို နားလည်ပိး Gluten , Lectin , GMO တွေ ရှောင်နိင်ပါစေ။

https://www.facebook.com/162972747501751/posts/504334263365596/

Gluten
https://www.facebook.com/1411574238/posts/10217470038408820/

ဝိသုဒ္ဓိမင်္ဂဒေသနာတော်ကို ခေတ်မှိဆေးပညာဖြင့် လေ့လာ သုံးသပ်ခြင်း

https://www.youtube.com/watch?v=jwyXiAayak0


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts