ကဗျာ

ဇော်ထိန် ● ဟို အကောင်

ဇော်ထိန် ● ဟို အကောင်
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၈

ကြီးမှ အရာရောက်တယ်ထင်တဲ့
ဟို ငနဲ ဒိုင်ကြောင်တဲ့

သူ့ အရိုးတွေကို ကလေးတွေက
မထိတထိ ဝေ့ကြည့်လိုက်ပြီး ပြောတယ်

ဒီလောက်ကြီးတဲ့ကောင်
ဘယ်နားသုံးစားလို့ ရမလဲ

ပြတိုက်က ထွက်လာခဲ့ပေမယ့်
ခေါင်းထဲက မထွက်တော့ဘူး

ကြီးပြီး အသုံးမကျတဲ့
ဟိုကောင့် အကြောင်း။

ဇော်ထိန်
၂၅၊ ၉၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts