K ငြိမ်းချမ်း သတင်းပဒေသာ

တစ်ခါက ၃၄ အမည်ရတဲ့ဓာတ်ပုံပြပွဲ 43 Art Gallery မှာ ပြသနေ

တစ်ခါက ၃၄ အမည်ရတဲ့ဓာတ်ပုံပြပွဲ 43 Art Gallery မှာ ပြသနေ
K (မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၈

ဓာတ်ပုံဆရာ ၁၃ယောက် ပူးပေါင်းပြသတဲ့ တစ်ခါက ၃၄ အမည်ရတဲ့ဓာတ်ပုံပြပွဲကို ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ် ၄၃လမ်း(မဟာဗန္ဓုလနှင့် ကုန်သည်လမ်းကြား) အမှတ် ၁ဝ၁ရှိ 43 Art Galleryမှာ စက်တင်ဘာ ၂၉ရက်မှ အောက်တိုဘာ ၄ ရက်ထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီတိုင် ပြသသွားမယ်လို့သိရပါတယ်။

အဆိုပါဓာတ်ပုံပြပွဲကို ၆ရက်တိုင်တိုင်ပြသသွားမှာဖြစ်ပြီး ပါဝင်ပြသတဲ့ ဓာတ်ပုံဆရာများကတော့ ကေသီတာမြင့်သိန်းဖေ၊ ကျော်သူရထွန်း၊ ဂျေမောင်မောင်(အမရပူရ)၊ စိုင်းခမ်းဟိန်း၊ စိုင်းမင်းသိန်း၊ ထိန်လင်း၊ နှင်းယုယုအောင်၊ နိုင်နိုင်အောင်၊ ပြည့်စုံ၊ မျိုးဇော်မင်း၊ သန့်ဇင်၊ အောင်ကိုကိုလတ်၊ အောင်ပြည့်စုံတို့ဖြစ်ပါတယ်။

ပြပွဲပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီး “ဓာတ်ပုံပြပွဲအမည်က တစ်ခါက ၃၄ဆိုတာ နည်းနည်းစိမ်းနေမလားပဲ။ ဒါပေမယ့် ဒီပြပွဲလေးအတွက်ကတော့ ဒီနာမည်က အသင့်တော်ဆုံးပါပဲ။ တစ်ခါက ဟိုးအရင်က တစ်ခါမှ မတွေ့ဖူး။ မသိဖူးကြတဲ့ ကျွန်တော်တို့၁၃ယောက်ဟာ မြန်မာနိုင်ငံဓာတ်ပုံဆရာအသင်းက ဖွင့်ခဲ့တဲ့ ဓာတ်ပုံသင်တန်းအမှတ်စဉ်(၃၄)မှာ ဆုံခဲ့ကြ တယ်။ ဓာတ်ပုံပညာကို အတူတူသင်ယူခဲ့ကြတယ်။ ကျွန်တော်တို့၁၃ယောက်တည်းတော့ မဟုတ်ဘူးပေါ့လေ။ တခြားသူတွေလည်း အများကြီးပါတာပေါ့။ သင်တန်းပြီးသွားတဲ့ နောက်ပိုင်း ကာလတွေမှာလည်းအဆက်အသွယ်ရှိနေခဲ့ကြတဲ့ ကျွန်တော်တို့ ၁၃ ယောက်ကတော့ တစ်ခါက ဓာတ်ပုံသင်တန်းအမှတ်စဉ်(၃၄)မှာ ဓာတ်ပုံပညာကို အကြောင်း ပြုပြီး ဆုံစည်းခဲ့ကြတာကို အမှတ်ရမိတဲ့အခါ တစ်ခါက ၃၄ဆိုတဲ့ဓာတ်ပုံပြပွဲလေးကို စုပေါင်းပြီး အကောင်အထည်ဖော်ဖြစ်ကြပါတော့တယ်” လို့ပြောဆိုထားပါတယ်။

ဓာတ်ပုံဆရာ ၁၃ယောက်ရဲ့မြန်မာပြည်အနှံ့အပြားက ရှုခင်းလက်ရာမျိုးစုံကို လာရောက်ကြည့်ရှုဖို့လည်း ဖိတ်ခေါ်ထားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts