ကဗျာ

မင်းချောမြင့် ● ငါး​သေး​သေး​လေး​တွေ မိ​နေတယ်

မင်းချောမြင့် ● ငါး​သေး​သေး​လေး​တွေ မိ​နေတယ်
(မိုးမခ) စက်တင်ဘာ ၂၅၊ ၂၀၁၈

ရင်းနှီးမြှုပ်​နှံမှုဟာ နာကျင်​​နေ​စေရတာ မဟုတ်​လား
နံရိုးပေါ်မှာ ​ရေးမိတယ်
ပင်​လယ်​ရှိဖူးသူအဖြစ်​နဲ့ပဲ အသက်​ကိုငင်​ပါတယ်
တိမ်​​ကော​နေတဲ့ဇာတ်​ရုပ်​နဲ့ပဲ ​ဖျော်​​ဖြေ နေပါတယ်
ပုလင်း​တွေ ကျကျနန ကျကွဲ​နေကြတယ်
အသံတွေပဲ  ​ဖျော်​​သောက်​​နေရတယ်

အဆုံးထိလွှင့်​တင်​ထားမိခဲ့ပြီး
မမြင်​ရ​တော့မှ ​ဝေးသွားပြီဖြစ်​တဲ့အ​ကြောင်း
ကြိုးသေး​သေး​လေးမှာ
အသက်​ကရှိနေပြန်​တယ်

မင်း​ချောမြင့်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts