K ငြိမ်းချမ်း သတင်းပဒေသာ

Artissmile အမည်ရတဲ့ စုပေါင်းပန်းချီပြပွဲ Artissmile Art House မှာပြုလုပ်မယ်

Artissmile အမည်ရတဲ့ စုပေါင်းပန်းချီပြပွဲ Artissmile Art House မှာပြုလုပ်မယ်

K (မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၈

ပန်းချီဆရာ၊ ဆရာမ (၁၂) ဦးပါဝင်ပြသမယ့် Artissmile အမည်ရတဲ့ စုပေါင်းပန်းချီပြပွဲကို ရန်ကုန်မြို့ အင်းစိန်မြို့ နယ် နံ့သာကုန်းရပ်ကွက်၊ မင်္ဂလာလမ်း၊ အမှတ် ၃၁/ E-2 ရှိ Artissmile Art House Galleryမှာ စက်တင်ဘာ၂၁ ရက်မှ ၂၇ ရက်ထိ နေ့စဉ် နံနက် ၉းဝဝ မှ ညနေ ၅းဝဝထိ ပြသသွားမယ်လို့သိရပါတယ်။

ပါဝင်ပြသမယ့်ပန်းချီဆရာများကတော့ ပုသိမ်မောင်မောင်သိန်း၊ လှမြင့်၊ တင်မောင်လွင်၊ ကိုမောင်ကျော်သန်း၊ လှထွဏ်းအောင်၊ မြင့်နိုင်၊ ဦးစိုးဝင်း(ရွှေလက်ရာ)၊ ကျော်သူရှိန်၊ Oo George၊ ခင်မေကြည်၊ ကာတွန်းအောင်အောင်၊ ဇေဇေထွဋ်တို့ဖြစ်ပါတယ်။

ယခုပြပွဲဟာ အဆိုပါ Galleryမှာ ပထမဆုံးအကြိမ် ပြုလုပ်ပြသခြင်းဖြစ်ပြီး ပြပွဲရက်မှာပဲ Artissmile Art Gallery ဖွင့်ပွဲအခမ်းအနားကို နံနက် ၁၁း ဝဝ မှ နေ့လယ်၂းဝဝထိ ကျင်းပ သွားမယ်လို့သိရပါတယ်။ ပြခန်းဖွင့်လှစ်ရခြင်းနဲ့ပန်းချီပြပွဲ စီစဉ်ပြသဖြစ်ခြင်းနဲ့ပတ်သက်ပြီး “Artissmile Artissmile Art House ဖွင့်ပွဲအခမ်းအနားနှင့်Artissmile Art Gallery မှာ ပြုလုပ်မည့် ပန်းချီဆရာ၊ ဆရာမ (၁၂)ဦး ပါဝင်သော ပန်းချီပြပွဲသို့ ကြွရောက်ချီးမြှင့်ပေးပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါတယ်ရှင်…။ မြန်မာ့ပန်းချီအနုပညာ တိုးတက်၊ ပြန့် ပွားစေရေးအတွက် Artissmile Art House နှင့်အတူ ဝိုင်းဝန်း၍ ပူးပေါင်းလက်တွဲ ပေးကြပါရန်လည်း လှိုက်လှဲစွာ ဖိတ်ခေါ်ပါတယ်။ ပန်းချီဝါသနာပါသူတိုင်း မိမိ၏ ဝါသနာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ပြီး ဘဝမှာ ပျော်ရွှင်စွာ ရှင်သန်သွားနိုင်ရန်၊ ပန်းချီပညာရှင်များ၊ ပန်းချီဝါသနာရှင်များ၊ ပန်းချီချစ်မြတ်နိုးသူများ ပူးပေါင်းပြီး ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ပန်းချီအနုပညာကို ကမ္ဘာသို့ ထိုးဖောက်နိုင်ရေးအတွက် Artissmile Art House က အုတ်တစ်ချပ် သဲတစ်ပွင့်အနေနှင့် ပါဝင်ရန်မှာ Artissmile Art House ၏ ရည်ရွယ်ချက်ဖြစ် ပါတယ်” လို့ရေးသားပြောဆိုထားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts