ရသဆောင်းပါးစုံ

ဆောင်းယွန်းလ ● စက်တင်ဘာနက္ခတ်ကို ဖတ်မိခြင်း

ဆောင်းယွန်းလ ● စက်တင်ဘာနက္ခတ်ကို ဖတ်မိခြင်း
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၈

မမေ့နိုင်လို့ 
မေ့ပစ်လိုက်ရတဲ့အကြောင်းတွေ
ချောင်းရေထဲမျှောပစ်ရင်း
မြစ်ဖြစ်လာတယ်

ပင်လယ်ရဲ့ပူဆာမှုထဲ
စိတ်အစိုင်အခဲကို ပစ်ချမိမှ
အခဲမကြေမှုတွေ မိုးလိုရွာချလိုက်တဲ့ညပေါ့

တယောက်တည်း ပေါက်ကွဲမှုထဲမှာ
ဘာကြော်ငြာ စာတမ်းထိုးရမလဲ

အားလုံးနဲ့ လွဲခဲ့ရပြီး
ကိုယ့်ကိုကိုယ်ပြန်မရနိုင်သေးတဲ့ ဘဝမှာ
လသာနေပေမယ့်လည်း
ကြယ်တာရာတွေမပါလို့  အင်္ဂါမစုံသလိုမျိုး

အကျိုးမရှိတဲ့ ကာလတွေပဲ
အကြောင်းမဲ့သောင်ထွန်းခဲ့ရ

စိတ်သဘောင်္ကိုတော့
တစ္ဆေကမ်းကခွာခဲ့မိတာကြာပြီ။

ဆောင်းယွန်းလ

 

Illustration Art by Yoko Tanji


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts