သတင်းပဒေသာ

ကျော်ဟုန်း (မိုးမခ) ● ဆရာအော်ပီကျယ်၊ ဆရာမင်းကိုနိုင်တို့၏ ဆီယက်တဲလ်က စာပေဟောပြောပွဲ

 ကျော်ဟုန်း (မိုးမခ) ● ဆရာအော်ပီကျယ်၊ ဆရာမင်းကိုနိုင်တို့၏ ဆီယက်တဲလ်က စာပေဟောပြောပွဲ

(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၈


ပြည်သူ့ ဂုဏ်ရည်အဖွဲ့ မှ ကြီးမှူးစီစဉ်တဲ့ ဆရာအော်ပီကျယ်၊ ဆရာမင်းကိုနိုင်တို့ရဲ့ စာပေဟောပြောကို ၁၆ ၊ စက်တင်ဘာ ၊ ၂၀၁၈ တနင်္ဂနွေနေ့ က ဆီယက်တဲလ်၊ ဝါရှင်တန်ပြည်နယ်မှာရှိတဲ့ 1933 NE 125 th St Seattle, WA 98125 Lake City Christion Church ခန်းမဆောင်မှာ ကျင်းပခဲ့ပါတယ်။

ဒီစာပေဟောပြောပွဲဟာ ပြည်သူ့ဂုဏ်ရည်အဖွဲ့ ပြည်နယ်အလိုက်တာဝန်ခံများဖြစ်တဲ့ အော်ရီဂွန်၊ ပို့လန်းမှ ကိုထွန်းထွန်း၊ မစန်းစန်းမော်၊ ဆီယက်တဲလ်၊ ဝါရှင်တန်မှ ကိုဇေယျာကျော်၊ မမီးမီးရီရီနွယ်၊ ကိုမူးသာ၊ မနီလာသိန်း၊ မမိုးမိုးအိတို့ က ဦးစီးစီစဉ်ပြီး ဗန်ကူးဗား၊ ကနေဒါမှ ကိုတင်နွယ်၊ ကိုဝင်းမြင့်ထွန်း၊ ကိုတင်ကိုကို၊ ကိုဌေးအောင်တို့က အားဖြည့်ကူညီဆောင်ရွက် ခဲ့ကြတာပါ။

အခမ်းအနားမှူးအဖြစ် ကိုမူးသာမှ စီစဉ်ဆောင်ရွက်ပြီးမြန်မာ့လွတ်လပ်ရေးခေတ်က နိုင်ငံတော်သီချင်းကို တက်ရောက်လာသူ ပရိသတ်အားလုံးက လေးစားစွာ မတ်တပ်ရပ်သီဆိုပြီး အခမ်းအနားကို စတင်ဖွင့်လှစ်ပါတယ်။

ထို့နောက်မှာ ကိုမင်းကိုနိုင်နဲ့အဖွဲ့မှ မကြာမီက ကွယ်လွန်သွားသူ မမီးမီး (ငြိမ်း/ပွင့်) ကို သတိရဂုဏ်ပြုတဲ့အနေနဲ့ ခွန်အား ဖြည့် မိငယ်သီချင်းကို သီဆိုပြီး ဆယ်လမွန်ငါးတို့အပြန် သီချင်းကို ပြည်ပရောက် ၈၈ များနဲ့ အတူ သီဆိုပါတယ်။ ကိုထွန်းထွန်း တကိုယ်တော်ဖြေဖျော်မှုအပြီးမှာ ဆရာအော်ပီကျယ် ကိုယ်ရေးအကျဉ်းချုပ်ကို မမီးမီးရီရီနွယ်မှ ဖတ်ကြားပေးပါတယ်။

ဆရာအော်ပီကျယ်က မြန်မာပြည်တွင် ပြုလုပ်သည် ခေါင်းစဉ်ဖြင့် စတင်ဟောပြောရာမှာ မဆလခေတ်၊ နဝတ စစ်အုပ်ခေတ်က အမြီးအမောက်မတည့်သည့် ကိစ္စများကို ဟာသရွှင်ရွှင်နဲ့ ဟောပြောပါတယ်။

မြန်မာနိုင်ငံဟာ စစ်အာဏာရှင်ခေတ်တလျှောက်လုံးခေါင်းဆောင်သူများနဲ့ လက်အောက်ခံ ပညာတတ်တချို့ ပါ စစ်အုပ်စုအလိုကျ ဝိုင်းညာ ဝိုင်းခိုးခဲ့ကြပုံအကြောင်း၊ လုပ်ငန်းစဉ်တခုလုံးကို အစအဆုံးမလုပ်တတ်ပုံများနှင့် မသိခြင်း မတတ်ခြင်းတို့ကြောင့် အခြားနိုင်ငံများထက် အများကြီးနောက်ကျကျန်ခဲ့ရပုံအကြောင်းကို နောက်လူများ သင်ခန်းစာယူ အမှန်ပြင်ပြီး ကြိုးစားဖို့အတွက် တိုက်တွန်းဟောပြောခဲ့ပါတယ်။

ဒုတိယမြောက်ဟောပြောသူ ဆရာမင်းကိုနိုင်ရဲ့  ကိုယ်ရေးအကျဉ်းချုပ်ကို မမီးမီးမှ မိတ်ဆက်ပေးအပြီးမှ တတိယအတွေး ခေါင်းစဉ်နဲ့ ဆရာမင်းကိုနိုင်က ဟောပြောပါတယ်။

ဆရာမင်းကိုနိုင်က သူငယ်စဉ်က ဖြတ်သန်းခဲ့ရတဲ့အကြောင်းများနဲ့ယှဉ်ပြီး ပညာရေးကဏ္ဍကို ဇောင်းပေးဟောပြောပါတယ်။ အနာဂတ်လူငယ်တွေဆီ ဒီမိုကရေစီအနှစ်သာရအမှန်ကို လက်ဆင့်ကမ်းနိုင်ဖို့၊ ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားတွေ ယခုထက်ပိုပြီး ချိတ်ဆက်ကာ မြန်မာနိုင်ငံတိုးတက်ရာတိုးတက်ကြောင်းကို ကူညီကြဖို့နဲ့ မျိုးဆက်သစ်တို့အတွက် ကောင်းမွန်တဲ့အမွေတွေ ထားရစ်နိုင်ရန် ဝိုင်းဝန်းအဖြေရှာ ကူညီကြဖို့ဆော်သြဟောပြောခဲ့ပါတယ်။

ပရိသတ်နဲ့ဆရာများ အပြန်အလှန်မေးဖြေ ဆွေးနွေးဖို့အစီအစဉ်မှာ ပါပေမယ့် အချိန်မလောက်ငှလို့ စာပေဟောပြောပွဲကို ညနေ ၆ နာရီမှာ အောင်မြင်စွာ ရုပ်ခဲ့သိမ်းခဲ့ပါတယ်။

ဒီအခမ်းအနားမှာ ကြွရောက်လာသူများအတွက်မုံ့ ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရပါတယ်။

ဆရာအော်ပီကျယ်နဲ့ ဆရာမင်းကိုနိုင်တို့ ရဲ့ အမေရိကားတလျှောက် စာပေဟောပြောပွဲနဲ့တွေ့ဆုံပွဲ အစီအစဉ်များကတော့ …

2018 September

15 th – San Francisco
16 th – Seattle
22 nd – Fort Wayne
23 rd – Milwaukee
29 th – Pittsburg
30 th- Buffalo

2018 October

6 th – Albany
7 th – New York
13 rd – Mary Land
18 th – Florida
20 th – Phoenix
22 nd – Las Vegas/ Community gathering
27 th – Los Angeles တို့ဖြစ်ကြောင်း သိရပါတယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts