သတင်းပဒေသာ

ဝုမ်လျံစန်း (Myanmar N ow) ● ပဋိပက္ခဒေသ လူငယ်တို့ ဆေးကျောင်းတက်ခွင့် ဘူးသီးတောင်အမတ် တောင်းဆို

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဝုမ်လျံစန်း (Myanmar Now) ● ပဋိပက္ခဒေသ လူငယ်တို့ ဆေးကျောင်းတက်ခွင့် ဘူးသီးတောင်အမတ် တောင်းဆို
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၈
 
မငြိမ်မသက်ဖြစ်နေသည့်ကြားမှ ၁ဝ တန်း
ထူးချွန်စွာ အောင်မြင်သူတို့ ဆေးတက္ကသိုလ် တက်ခွင့်ရရန် ဘူးသီးတောင်အမတ်က မျှော်လင့်နေသည်



ရခိုင်ပြည်နယ် အထက်တန်းကျောင်းတစ်ခုမှ ကျောင်းသူကျောင်းသားတချို့ (ဓာတ်ပုံ – ဇာနည်ဝင်း/Myanmar Now)

အထူးဒေသရှိ လူငယ်များ ဆေးတက္ကသိုလ်ဝင်နိုင်ရေးအတွက် ၎င်းတို့၏ ၁ဝ တန်း စာမေးပွဲ ရမှတ် ကန့်သတ်ချက်ကို လျှော့ပေါ့စဉ်းစားပေးသည့် အစီအစဉ်တွင် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခဒေသ လူငယ်များလည်း ပါဝင်ခွင့်ရသင့်သည်ဟု ဘူးသီးတောင်မြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ယနေ့ (စက်တင်ဘာ၁၇) တွင် ပြောလိုက်သည်။
နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ  ကျောင်းသားများအား အထူးအခွင့်အရေးအဖြစ် စာမေးပွဲအမှတ်အကန့်အသတ်မရှိဘဲ
ဆေးတက္ကသိုလ် လျှောက်ထားခွင့်ပေးမည့် အစီအစဉ်ကို အစိုးရက စက်တင်ဘာလဆန်းတွင် ထုတ်ပြန်ကြေညာပြီးဖြစ်သည်ဟု ဘူးသီးတောင်မြို့  ပြည်သူ့လွှတ်တော် အမတ် ဦးအောင်သောင်းရွှေက
ထောက်ပြသည်။
 

“ကျွန်တော်တို့ဘူးသီးတောင်က ပဋိပက္ခဧရိယာလေ။ ပဋိပက္ခဧရိယာ ဆိုတော့ စာသင်ရတာ ကောင်းကောင်း မသင်ရဘူး၊ နယ်စပ်ဒေသဖြစ်တော့။ အဲ့ဒီထဲကမှ ထူးထူးချွန်ချွန် အောင်လာတဲ့ ကလေး ၆ ယောက်ကို ဆေးကျောင်းတက်ခွင့်ရရေး တောင်းဆိုတာပါ” ဟု ၎င်းက ပြောသည်။
ဒေသတွင်း မတည်မငြိမ်မှုများကြောင့် စာသင်ကြားခွင့် အခက်အခဲရှိခဲ့သော်လည်း ရမှတ် ၄၃၇ နှင့် ၄၉၇ကြား ရရှိသည့် ဘူးသီးတောင်မြို့နယ် အ.ထ.က (၅) မှ ကျောင်းသား၊ကျောင်းသူ ၆ ဦး   ဆေးတက္ကသိုလ် တက်ခွင့်ရရန် အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ယနေ့ စာတင်ခဲ့ကြောင်း လွှတ်တော်အမတ်ကပြောသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts