ဟောပြောမည့်ခေါင်းစဉ်မှာ “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ”ဖြစ်ပြီး ဟောပြောမည့်ပုဂ္ဂိုလ်ကတော့ ဒေါ်ခင်သီတာ ထွန်း (ဦးစီးအရာရှိ၊ သစ်တောဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး)ဖြစ်ပါတယ်။
အဆိုပါဟောပြောပွဲပြုလုပ်ရခြင်းနဲ့ပတ်သက်ပြီး ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)ပေ့မှာလည်း “အသင်းဝင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် အသိပညာ ဗဟုသု တများတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် စက်တင်ဘာလဟောပြောပွဲကို အောက်ပါ အစီအစဉ်အတိုင်းကျင်းပမည်ဖြစ်ပါသဖြင့် သက်ဆိုင်ရာဌာနများမှ ပညာရှင်များ၊ အရပ် ဘက်လူ့အဖွဲ့ အစည်းများ၊ သတင်းမီဒီယာများနှင့် စိတ်ပါဝင်စားသူများ အခမ်းအနားသို့ တက်ရောက်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်”လို့ပြောဆိုထားပါတယ်။
မကြာခဏ ကုန်သည်စက်မှုအသင်းချုပ်မှ ကြီးမှူးပြီး ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲများ၊ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ Business Matching များအပြင် ပြည်တွင်း၊ ပြည်ပမှကုမ္ပဏီအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာအဖွဲ့ အစည်းများမှ လာရောက်ကျင်းပတဲ့ ဆွေးနွေးပွဲများ ကျင်းပလေ့ရှိပါတယ်။