သတင်းပဒေသာ

ခင်နှင်းဝေ (Myanmar Now) ● ခွင့်ပြုချက်မကျသဖြင့် မန္တလေးမှုခင်း ကျဆင်းရေး ဆွေးနွေးပွဲဖျက်သိမ်း

ခင်နှင်းဝေ (Myanmar Now) ခွင့်ပြုချက်မကျသဖြင့် မန္တလေးမှုခင်း ကျဆင်းရေး ဆွေးနွေးပွဲဖျက်သိမ်း
  (မိုးမခ) စက်တင်ဘာ ၁၃၊ ၂ဝ၁၈
မန္တလေးလုံခြုံရေးကို သရော်ထားသည့် ကာတွန်းများ

 

(မန္တလေး) — မြို့ လည်ခေါင်လူသတ်ပွဲများအပါအဝင် မြို
့တွင်း ဖြစ်ပွားနေသည့် မှုခင်းများ အဆုံးသတ်စေရန် ဒေသခံ အထင်ကရ စာရေးဆရာများ ဦးဆောင်သည့်
“မန္တလေးလူထုလုံခြုံမှုရေးရာ တွေ့ဆုံဆွေးနွေးပွဲ” ကို ယနေ့ (စက်တင်ဘာ၁၃တွင်) ပြုလုပ်ရန်စီစဉ်ထားရာ
အစိုးရက ခွင့်ပြုချက် မချပေးသဖြင့် ဖျက်သိမ်းလိုက်ရသည်။
ညီပုလေး၊ နေဝင်းမြင့်၊ ဆူးငှက် စသည့် စာရေးဆရာများ၊
သံဃာများ၊ တက္ကသိုလ် ပါမောက္ခများ၊ ဆရာဝန်များ၊ ကုန်သည်များနှင့် လူမှုအသင်းများက   ၃၁ လမ်း
သကျသီဟ ဘုရားဝန်းအတွင်း ဆွေးနွေးရန် စီစဉ်ထားခဲ့ကြသည်။

ပွဲကျင်းပနိုင်ရန် ရပ်ကွက်၊ မြို့ နယ်၊ ခရိုင်နှင့်
တိုင်းအဆင့်အစိုးရအရာရှိများကို ခွင့်ပြုချက် တောင်းခဲ့သော်လည်း ပြန်လည် အကြောင်းမပြန်ခဲ့ကြောင်း၊
ဆွေးနွေးပွဲ လက်ခံကျင်းပပေးသည့်
ဓမ္မာရုံ၏ဂေါပကအဖွဲ့က
သက်ဆိုင်ရာ ဌာနတစ်ခုခု၏ ခွင့်ပြုစာပါမှ တံခါးဖွင့်ပေးမည်ဟု ဆိုသောကြောင့် ဆွေးနွေးပွဲပျက်ခဲ့ရကြောင်း ပွဲစီစဉ်သူများက ပြောသည်။

လူသိများသည့် စာရေးဆရာ ညီပုလေးက မငြိမ်းချမ်းသည့်
နယ်စပ်ဒေသများတွင် တွေ့ကြုံနေရသကဲ့သို့ မန္တလေးမြို့ တွင်လည်း
“ကိုယ့်အထွာနဲ့ကိုယ်
မငြိမ်းချမ်းသလိုခံစားနေရတယ်” ဟု ဆိုသည်။
 


သတင်းထောက်များနှင့် တွေ့နေသော စာရေးဆရာ ညီပုလေး
ပွဲဖြစ်မြောက်ရေးတာဝန်ခံ ဦးတင်ကိုကိုဦးကလည်း လုံခြုံရေး
အစီအစဉ်များ ကျေနပ်ဖွယ် မရှိသေးဟု ပြောသည်။


“အခုဆိုရင် သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူတွေက
ပတ်ကင်းအဖွဲ့တွေနဲ့ သူတို့ တာဝန် ထမ်းဆောင်နေတာတွေ တွေ့ပါတယ်ခင်ဗျ။ ဒါပေမဲ့ သူတို့ ဘယ်နှစ်နှစ်
ပတ်နိုင်မှာလဲ။ အဲဒီလိုပတ်တာနဲ့ရော ပပျောက်သွားနိုင်မယ် အာမခံပါသလား။ ကျွန်တော်တို
့အမြင်မှာလုံလောက်မှုမရှိသေးဘူး” ဟု
ဦးတင်ကိုကိုဦးက ပြောသည်။
မန္တလေးမြို့ တွင်းဖြစ်ပွားခဲ့သည့် အမှုအခင်းတို့သည်
မူးယစ်ဆေးဝါးများနှင့် ဆက်နွယ်ကြောင်း ယူဆထားပြီး အဆိုပါပြသနာကို ဖြေရှင်းရန် သြဇာရှိသည့်
မြို့ ခံများစုဝေးကြခြင်းဖြစ်ကြောင်း ကဗျာဆရာစံငြိမ်းဦးက
ပြောသည်။
 

မကြာသေးမီက မန္တလေးမြို့ တွင် အုပ်စုဖွဲ့ ရန်ပွဲများ၊
လူသတ်ပွဲများနှင့်
ခိုး၊
ဆိုး၊ လု၊ နှိုက် မှုခင်းများကြောင့် မြို့ လုံခြုံရေး အာရုံစိုက်ခံခဲ့ရသည်။
 

ဇွန်လ ၂၅
ရက်နေ့မှစတင်ကာ သုံးလကြာမြင့်မည့် မှုခင်းလျော့ကျရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး
အထူးစီမံချက် (သိန်းငှက်စစ်ဆင်ရေး) ကို ဆောင်ရွက်နေပြီး နှစ်လတာ ကာလအတွင်း မူးယစ်ဆေးဝါး
အမှုပေါင်း ၈၇ မှု ရှိခဲ့ပြီး  သံသယတရားခံ ၁၃၉
ဦး ဖမ်းမိခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး The Voice သတင်းဌာနက စက်တင်ဘာ
၁ဝ တွင် ရေးသားခဲ့သည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts