K ငြိမ်းချမ်း သတင်းပဒေသာ

မြန်မာနိုင်ငံကာတွန်းဆရာများအသင်း ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၆) စက်တင်ဘာ ၁၅ရက်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မြန်မာနိုင်ငံကာတွန်းဆရာများအသင်း ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၆) စက်တင်ဘာ ၁၅ရက်

K (မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၈မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှစီစဉ်သော ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၆)ကို ရန်ကုန်မြို့ အမှတ်(၁၇၃/ ၁၇၅) ပန်းဆိုးတန်းတာဝါ-အခန်း အမှတ်(၆၀၁) ပန်းဆိုးတန်း လမ်း(အလယ်)ရှိ မြန်မာနိုင်ငံကာတွန်း ဆရာများအသင်း ရုံးခန်းမှာ စက်တင်ဘာ ၁၅ရက်နေ့ နေ့လယ် ၁ နာရီမှ ၃နာရီထိ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၅)မှာ ဟောပြောမျှဝေမယ့်ကာတွန်းဆရာက ကာတွန်းအာကာ ဖြစ်ပြီး ဟောပြောမယ့်အကြောင်းအရာခေါင်းစဉ်ကတော့ ကာတွန်းအစုံသုတ် ဖြစ်ပါတယ်။

ကာတွန်း မျှဝေခြင်းအစီအစဉ်နဲ့ပတ်သက်ပြီး ကာတွန်းအာကာက “ ကာတွန်းအစုံသုပ်ဆိုတာ ပြောချင်တဲ့ခေါင်းစဉ်လေးပါ. . . .မဂ္ဂဇင်းခေတ်က. .ကာတွန်းနဲ့ရပ်တည်ခဲ့ပေမယ့်. . .လမ်းကြောင်းတစ်ခုထဲပေါ်မရပ်တည်နိုင်ကြပါဘူး။ ခုလဲ ဒီလိုပါပဲ. . .ဒီဇိုင်းလဲလုပ်ရတယ် သရုပ်ဖော်လဲရေးကြရတယ်။ လုပ်ချင်တဲ့ကလေးကော့မစ်နဲ့ ကာတွန်းက ရပ်တည်ဖို့ခက်တော့ တစ်ဖက်က ရစရာလေးတွေကို ကျားကန်ပြီး အဲ့ဒါလေးတွေကို ရေးကြရတယ်။ ဒါပေမယ့် ကာတွန်းကနေတော့ သွေဖီမသွားပါဘူး. . . ကာတွန်းဆရာလုပ်တဲ့ ဒီဇိုင်း ကာတွန်းဆရာ ရေးတဲ့ သရုပ်ဖော်ပါပဲ။ ဒါကြောင့်. . ကာတွန်းအစုံသုပ်လို့ ခေါင်းစဉ်ပေးပါတယ်။ အဲ့ဒီကာတွန်းအစုံသုပ် အကြောင်းလေး ကျနော်ဖြတ်ခဲ့သန်းခဲ့သလောက် နဲနဲကာလကို လာပြီးနားထောင်ဆွေးနွေးဖို့ အားလုံးကို. . . ဖိတ်ပါတယ်ခင်ဗျ.”လို့ သူရဲ့လှုမှုကွန်ရက်ကနေ ရေးးသားပြောဆိုထားပါတယ်။

ကာတွန်းအာကာဟာ စာနယ်ဇင်း၊ မီဒီယာများမှာ တကွက်ကာတွန်းများ၊ သရုပ်ဖော်ကာတွန်းများရေးဆွဲလျက်ရှိပါတယ်။

ယခုကာတွန်းပညာမျှဝေခြင်းအစီအစဉ်က (၆)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ယခင်အစီအစဉ်များမှာ ကာတွန်း ဦးငွေကြည်၊ ကာတွန်းကျော်သူရှိန်၊ ကာတွန်းမြေဇာ၊ ကာတွန်း အောင်ဇေယျ၊ ကာတွန်းတင်အောင်နီတို့က ဟောပြောဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံကာတွန်းဆရာများအသင်းလူမှုကွန်ရက်စာမျက်နှာမှာလည်း ကာတွန်းချစ်သူများ မည်သူမဆို လာရောက် နားထောင်ပြီးသိလိုသည်များကိုလည်း အပြန်အလှန် မေးမြန်းဆွေးနွေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts