ကဗျာ မြန်မာပြည်တွင်း

မိုးခါး – လူအိုနာ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

လူအိုနာ
မိုးခါး
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၈

 ဝတ်နေကြ
ဆိုရှယ်လစ်တိုက်ပုံဟောင်းခါခါထု
တ်ကြည့်လိုက်တော့
မေးထူးခေါ်ပြောမရှိတဲ့ခေတ်မှာ
နောင်တနှင့်တူအိုမင်းမှုတွေပါလာတယ်
တချိန်ရွှေထီးဆောင်းသူကောင်းပြုခံယူခြင်းမှာ
မျက်ရည်နဲ့ဆေးကြောလို့မရတဲ့
ကြေးဝါရောင်ကြယ်ပွင့်ကအညှိတက်လို့…
ဒီလမ်းကိုဘယ်လိုရောက်လာတာလဲ
မေးခွန်းနှင့်အတူ
အညွန့်ချိုးခဲ့ပန်းပွင့်တွေနေရာရောက်တိုင်း
ရှုံ့တွလာတဲ့အရေပြားပေါ်ကဆေးမှင်ကြောင်တွေကသက်သေ
ထိုင်နေတဲ့ကုလာထိုင်
ဘောင်ကျဉ်းလာတဲ့လျှောက်လမ်းမ
တိတ်ဆိတ်နေတဲ့ကြိုးတန်းပေါ်ကအဝတ်စုတ်
အဖော်မဲ့လာတဲ့နေညိုရီ
အထီးကျန်ဆန်မှုရဲ့စကားလုံးများ
ဟန်မဆောင်တန်းမျက်ရည်တွေစီးကျလာတာကလွဲရင်
အတွေးမှာမုန်တိုင်းကျနေသလို
အသိမှာကြောက်ရွံထိတ်လန့်နေပြီ
မကြာမီ
ကောင်းသောသွားခြင်းမျိုးမဟုတ်တာလဲ
မျက်ရည်ကြားကအသိတရားကမဲမှောင်အုံ့မှိုင်းလို့…..။      ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts